စင်္ကာပူရဲ့ အစားအသောက်တွေထဲမှာ ထိပ်တန်းတစ်ခုဖြစ်တဲ့ ဂဏန်းအစပ်ဟင်းကို စင်ကာပူအထိ သွားစရာမလိုဘဲ အိမ်မှာဘဲ အရသာရှိရှိ ချက်ပြုတ်စားနိုင်ဖို့ ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ပင်လယ်စာကြိုက်သူများအတွက်လည်း အလွန်ပါးနံသင့်မှာဖြစ်သလို အစပ်ပါကြိုက်ရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါကြောင့် အိမ်မှာမိသားစုတွေနဲ့ လက်ဆုံစားနိုင်ဖို့ အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

Source: Solid Starts

  • ဂဏန်းအကြီး – ၂ ကောင်
  • ငရုပ်သီးအနီတောင့် – ၅ တောင့်
  • ငရုပ်သီးခြောက် – ၈ တောင့်
  • မိုးမျှော်ငရုပ် – ၂ တောင့်
  • ကြက်သွန်နီဥသေး – ၆ လုံး
  • ကြက်သွန်ဖြူ – ၈ မွှာ
  • စပါးလင် – ၁ ချောင်း
  • ပဒဲကောမြစ် – ၄ ပြား
  • သံပရာသီး – ၁ လုံး
  • ကြက်ဥ – ၂ လုံး
  • သကြား – ၃ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆား – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
  • မျှင်ငါးပိ – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ခရမ်းချဉ်သီးဆော့ – ၅ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆီ – ၅ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

Source: australianflavours.com.au

ဂဏန်းတွေရဲ့ ဝမ်းဗိုက်က ချက်ကို ဖြုတ်ပါ။ ကျောရိုးခွံကို ခွာလိုက်ပြီး တစ်ဖက် တစ်ချက်စီမှာရှိတဲ့ ရေယက်များကို ဖယ်ထုတ်ပြစ်ပါ။ ကျောရိုးခွံကို ပြန်ဖုံးထားပြီး ပုံမပျက်ထားပါ။

ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (ငရုပ်သီးအနီတောင့်၊ ငရုပ်သီးခြောက်၊ မိုးမျှော်ငရုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်) တို့ကို ကြိတ်စက်ထဲရာ ထေည့်ပါ။

ပဒဲကောမြစ်ကို ဓားဖြင့် ပါးပါးလှီးပြီး ၄ ပြားထည့်ပါ။ သံပရာသီး တစ်လုံးကို အရည်ညှစ် ထည့်ပြီး၊ ပါဝင် ပစ္စည်း အားလုံးကို ကြိတ်စက်ဖြင့် ကြိတ်၍ ဆော့ အသင့်ပြုလုပ်ထားပါ။

ဒယ်အိုးကို အပူပေးပြီး မျှင်ငါးပိ (Belacan) ၂ ဇွန်း(လက်တစ်ဆစ်ခန့်) လှီးထည့်ပြီး ညက်အောင်ချေ၍လှော်ပါ။ ဆီ မထည့်ရပါဘူး။ ငါးပိ အနံ့မွှေးလာပါက ကြိတ်စက်ဖြင့် အသင့် ကြိတ်ထားသည့် ဆော့များ အားလုံးထည့်ပါ။

Source: Asian Food Network

ဆီ ၅ ဇွန်း၊ သကြား ၃ ဇွန်း၊ ဆား ဇွန်းဝက်၊ ခရမ်းချဉ်သီးဆော့ (Ketchup) ၅ ဇွန်း ထည့်ပါ။ ထို့နောက် ဂဏန်းများပါ ရောထည့်ပြီး မွှေပေးပါ။

ရေနွေး ၂၃၀ မီလီလီတာ(ဂဏန်းရေမြုပ်) ယုံထည့်ပြီး အဖုံးအုပ်၍ ၁၀ မိနစ်ခန့်တည်ထားပါ။

အနည်းငယ် ရေခမ်းသွားပါက ကြက်ဥ ၂ လုံးကို နာနာခလောက်ပြီး လောင်းထည့် လိုက်ကာ တစ်ချက် နှစ်ချက်မျှ မွှေပြီး မီးပိတ်ချ၍ အသင့် စားသုံးနိုင် ပါသည်။

Source: Maggi

မှတ်ချက်။ ။ Chilli Crab ဂဏန်းအစပ်ဖြစ်ပါ၍ ငရုပ်သီး သုံးမျိုးစလုံးကို အသုံးပြု ထားပါသည်။ အစပ်မကြိုက်ပါက ငရုပ်သီးများ လျှော့ထည့်နိုင် ပါသည်။

Credit: ဇွဲသုသု