ဒီအသီးစုံဟင်းက အရံဟင်းပွဲ အတွဲလေးဖြစ်ပေမယ့် အသီအနှံ့ကြိုက်နှစ်သက်သူများအတွက်ကတော့ ဟင်းပွဲကြီးတစ်ပွဲအနေနှင့် သုံးဆောင်လို့ ရပါတယ် ။  ထမင်း ပူပူနွေးနွေး လေးဖြင့် သုံးဆောင်လျှင် အင်မတန် လိုက်ဖက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • အသီးအရွက်ဆီ – ၁ ဇွန်း (စားပွဲဇွန်း)
  • ကြက်သွန်ဖြူ – ၂ တက် (ခတ်ပါးပါး လှီးထားပါ)
  • ကြက်သွန်နီ – ၁ လုံး (ခတ်ပါးပါးလှီးထားပါ)
  • ခရမ်းကဆော့သီး – ၅၀ ဂရမ်
  • ရုံးပတီးသီး – ၁၆၀ ဂရမ် (လက်တစ်ဆစ်လောက်လေးတွေ လှီးထားပါ)
  • ခရမ်းသီး – ၂ လုံး (အတုံးသေးလေးတွေ တုံးထားပါ)
  • ပုဇွန်ဆိပ် – ၁၆၀ ဂရမ် (အခွံခွာပြီးသား)
  • ပုဇွန်ငါးပိစိမ်း – ၂ ဇွန်း (လက်ဖက်ဇွန်း)
  • နနွင်းမှုန့် – ၁/၂ ဇွန်း (လက်ဖက်ဇွန်း)
  • မျှစ် – ၁၆၀ ဂရမ် (အတုံးနေတော်တုံးထားပါ)
  • ဆား – ၁/၄ ဇွန်း လက်ဖက်ဇွန်း
  • နံနံပင် – ၂ ဇွန်း စားပွဲဇွန်း (ခတ်ကြမ်းကြမ်းလှီးထားပါ)
  • Thai Spicy Salad Dressing – ၃ ဇွန်း စားပွဲဇွန်း

ပြင်ဆင်ပြုလုပ်နည်း

  1. အသီးအရွက်ဆီကို မကပ်သောအိုးထဲထည့်ပြီး အပူပေးပါ ။ ပြီးလျှင် နနွင်းမှုန့် ၊ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်ပြီး မီအနေတော်ဖြင့် မိနစ်အနည်းငယ် ကြက်သွန်များ အညိုရောင်သန်းတဲ့အထိ ကြော်ပါ ။
  2. မီးလျှော့ပြီး ငါးပိစိမ်းစား ထည့်ပြီး အနည်းငယ်လုံးပါ ။ ပြီးလျှင် ပုဇွန်ဆိပ် ၊ ခရမ်းကဆော့သီး နှင့် မျှစ်ထည့်ပါ ။ Thai Spicy Salad Dressing နှင့် ရေအနည်းငယ်ထည့်ပြီး အနည်းငယ်နူးအိလာသည်အထိ တည်ပါ ။
  3. နံနံပင်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးထပ်ထည့်ပါ ။ မီးကို အနေတော်ပြန်တင်ပြီး တည်ပါ ။
  4. အရည်ခမ်းပြီး ခြောက်လာလျှင် မီးပိတ်ပြီး နံနံပင်ဖြူးပါ ။ သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး ထမင်းပူပူလေးဖြင့် သုံးဆောင်လို့ ရပါပြီး။

Credit: Syilwin Foodsgarden