အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာအသစ်အဆန်း မြည်းစမ်းကြည့်နိုင်ဖို့ရန်အတွက် ချိစ်အရသာ Pepperoni ကြက်သားလိပ် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၄ တုံး
  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပင်စိမ်းရွက် အနည်းငယ် (ညှက်နေအောင် ထောင်းထားပါ)
  • Mozzarella ချိစ် ၄ ပြား
  • Pepperoni ၁၆ ပြား

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ကြက်ရင်အုံအတုံး ၄ တုံးကို Oven ထဲထည့်မယ့် လင်ဗန်းပေါ်တွင် အစီအရီ တင်ထားလိုက်ပါ။

၃။ ကြက်သားတုံးများပေါ်သို့ ခရမ်းချဉ်သီးဆော့စ် ဆမ်းထည့်လိုက်ပါ။

၄။ ထို့နောက် ထောင်းထားသော ပင်စိမ်းရွက်များ ထပ်ထည့်ပါ။

၅။ ကြက်သားတုံးများဖြင့် ချိစ်များ အုပ်လိုက်ပါ။

၆။ ထို့နောက် Pepperoni များကို အစီအရီလိုက် တင်ထားလိုက်ပါ။

၇။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၂၀ ၊ မိနစ် ၃၀ ခန့် ထည့်ကာ အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သားတုံးများကို ပန်းကန်ပြားထဲသို့ ဆယ်ယူလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အရသာ Pepperoni ကြက်သားလိပ်လေး ရရှိသွားပါပြီ။

Source: Juliasalbum.com