အားလုံးပဲ မင်္ဂလာပါ။ မင်္ဂလာရှိတဲ့ မနက်ခင်းအချိန်အခါမှာ အရသာရှိတဲ့ ထမင်းကြော်ပူပူလေးနဲ့ ဗိုက်ဖြည့်ချင်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ အမဲသား ကြက်ဥထမင်းကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • ကြက်ပြုတ်ရည် ၁ လျွီှာ
  • အမဲသား (သို့) ကြက်သား ၁ ပေါင် (ရှည်ရှည်ပါးပါး လှီးဖြတ်ထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်ဥ ၃ လုံး
  • ငရုတ်ပွအနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၂ လုံး (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)

  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် လက်တစ်ဆုပ်စာခန့် (ပါးပါးလှီးထားပါ)
  • သံလွင်ဆီနှင့် နှမ်းဆီ
  • ပဲငံပြာရည် အနည်းငယ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသား (သို့) ကြက်သားကို ကြက်သွန်ဖြူ၊ ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ဖြင့် သမအောင် ရောနယ်ထားပါ။

ထို့နောက် အဖုံးအုပ်ထားပြီး ရေခဲသေတ္တာထဲတွင် ၁ နာရီခန့် နှပ်ထားလိုက်ပါ။

၂။ ကြက်ဥ ၃ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် ဆား အနည်းငယ်ထည့်ကာ မွှေခလောက်ထားပါ။

ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ အနည်းငယ် ထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ကြက်ဥ ကျက်သွားပြီဆိုရင်တော့ ဓားဖြင့် လေးထောင့်ပုံသဏ္ဍာန် လှီးဖြတ်ထားလိုကပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။

၄။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်းနှင့် အသားတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၅။ ထို့နောက် ငရုတ်သီး၊ ငရုတ်ပွ၊ မုန်လာဥနီတို့ထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။

၆။ ထို့နောက် ထမင်းထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် မွှေကြော်ပါ။ ပဲငံပြာရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေ့ါအငန် မြည်းစမ်းကြည့်လိုက်ပါ။

၇။ မီးဖိုပေါ်ကချခါနီးကျမှ နှမ်းဆီလေး ဆမ်းထည့်ပါ။ ကြက်သွန်မြိတ်လေး ဖြူးထည့်ပြီးနောက် ကြက်ဥများဖြင့် အုပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ကြက်ဥထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Blog.arousingappetites.com