ထမင်းစားတဲ့အခါ ဟင်းရည်ပါက ပိုစားမြိန်တယ်ဆိုသူများအတွက် ဝက်သုံးထပ်သား ကြက်စွပ်ပြုတ် မုန်ညှင်းဟင်းရည် ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • ကြက်သား ၂ ပေါင် (အနေတော် အတုံး တုံးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၄ တုံး (ပြားနေအောင် ထုထောင်းလိုက်ပါ)
  • အာလူး ၂ တုံး (အခွံခွာပြီး အတုံးသေးသေးတုံးထားပါ)
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ ၂ လီတာခွဲ
  • မုန်ညှင်းထုပ် ၈ ရွက် (၂ လက်မအရှည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေ ၂ လီတာခွဲ၊ ဝက်သား၊ ကြက်သား၊ ငရုတ်ကောင်းစေ့နှင့် ဂျင်းတို့ထည့်ပါ။ ထို့နောက် အဖုံးအုပ်ပြီး မီးအေးအေးဖြင့် ၁ နာရီခန့် တည်ထားလိုက်ပါ။

၂။ ထို့နောက် ရေ အနည်းငယ် ထပ်ထည့်ကာ နောက်ထပ် မိနစ်အနည်းငယ်ခန့် ထပ်တည်ထားပါ။

၃။ ပြီးရင်တော့ အာလူးတုံးများထည့်ကာ နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ပါ။

၄။ ထို့နောက် မုန်ညှင်းရွက်ထည့်ပါ။ ငါးငံပြာရည် ထည့်ကာ ၃ မိနစ်ခန့် သမအောင် မွှေပါ။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား ကြက်စွပ်ပြုတ် မုန်ညှင်းဟင်းရည်လေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com