မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းထဲမှာ မပါမဖြစ်တဲ့အစားအစာတစ်ခုကတော့ ငါးပိရည်၊ တို့စရာပဲဖြစ်ပါတယ်။ အသင့်ဖျော်ပြီးသား ငါးပိရည်၊ တို့စရာများကို ဈေးထဲမှာ အဆင်သင့်ဝယ်ယူစားသုံးလို့ရပေမယ့် မိမိအိမ်မှာ ကျိုစားတာလောက်တော့ သန့်ရှင်းလတ်ဆတ်မှာ မဟုတ်ပါဘူး။

သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ တို့စရာအစားအစာကို စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ မုန်လာဥနီ သခွားသီးသနပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥဖြူ ( ၂ လက်မအထူ ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • မုန်လာဥနီ (၂ လက်မအထူ ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • သခွားသီး (၂ လက်မအထူ ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဆန်ရှာလကာရည် ၆၀ မီလီလီတာ
  • ငရုတ်ကောင်းစေ့ ၅ စေ့ခန့်
  • ငရုတ်သီးမှုန့်အနည်းငယ်
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခပ်ရှည်ရှည်လှီးဖြတ်ထားသော မုန်လာဥဖြူ၊ မုန်လာဥနီနှင့် သခွားသီးတို့ကို ဆားဖြင့် ပွတ်ထားပြီးနောက် မိနစ် ၃၀ ခန့် သိပ်ထားလိုကပါ။

၂။ မိနစ် ၃၀ ပြည့်ပါက ဟင်းရွက်မှ ထွက်လာသော အရည်များကို သွန်ပစ်လိုက်ပါ။

၃။ သကြား၊ ဆန်ရှာလကာရည်၊ ငရုတ်ကောင်းစေ့၊ ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူတို့ကို ဟင်းသီးဟင်းရွက်များဖြင့် သမအောင် နယ်ပေးလိုက်ပါ။

၄။ ထို့နောက် သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းထဲတွင် ထိုဟင်းသီးဟင်းရွက်များကို ထည့်ထားပြီးနောက် ရှာလကာရည်အရောအနှောများကိုပါ တစ်ပါတည်း လောင်းထည့်လိုက်ပါ။ အဖုံးလုံအောင်ပိတ်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၂၄ နာရီမှ ၄၈ နာရီအတွင်း ထည့်ထားလိုက်ပါ။

လုံလောက်တဲ့အချိန်တစ်ခုကို စောင့်ပြီးသွားတဲ့အခါမှာတော့ ထမင်းစားတဲ့အခါ တို့စားနိုင်တဲ့ မုန်လာဥနီ သခွားသီးသနပ်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com