အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော်ကို သူ့ချည်းပဲ ကြော်စားရတာ ရိုးအီနေလောက်ပြီပေါ့နော်။ ဒါဆိုရင်တော့ မုန်လာချဉ်အနည်းငယ်ထည့်ပြီး ကြော်စားကြည့်လိုက်ပါ။ အရသာလေးက တမူထူးခြားဆန်းသစ်နေပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ပါးပါးလှီးထားသော ဆားရေစိမ် မုန်လာချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၃ လုံး
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • နံနံပင် တစ်ပင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက နုပ်နုပ်စဉ်းထားသော မုန်လာချဉ်များထည့်ကာ တစ်မိနစ်ခန့် ကြော်ပါ။

ထို့နောက် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူများထည့်ကာ ၂ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးတွင် ကြက်ဥ ၃ လုံးဖောက်ထည့်ပြီးနောက် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၃။ မုန်လာချဉ်များကို ဒယ်အိုးမျက်နှာပြင်အနှံ့ ညီညာအောင် ဖြန့်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥများ လောင်းထည့်လိုက်ပါ။

၄။ ကြက်ဥတစ်ခြမ်းက အညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၅။ ဒါဆိုရင်တော့ မုန်လာချဉ် ကြက်ဥကြော်လေး ရရှိသွားပါပြီ။ ပန်းကန်ပြားထဲ ပြောင်းထည့်ကာ နံနံပင်လေး တင်ထားလိုက်ပါ။

Source: Asianfoodnetwork.com