K-Pop, K-Drama တွေ အာရှမှာသာမက အခုဆိုရင် ကမ္ဘာနဲ့ပါ ချီပြီး အောင်မြင်နေပြီဖြစ်လို့ တောင်ကိုရီးယားနိုင်ငံကို သွားလည်ဖို့အတွက် စိတ်ဝင်စားကြသူတွေလည်း များလာပါပြီ။ နေရာဒေသတစ်ခုသွားမယ်ဆိုရင်တော့ အဲဒီနေရာဒေသရဲ့ အစားအစာတွေကို စားသုံးကြည့်ချင်ကြတာသဘာဝပါပဲ။

ကိုရီးယားနိုင်ငံမှာမှသာမကပဲ အခုဆိုရင် ကိုရီးယားအစားအစာတွေဟာ နိုင်ငံတော်တော်များများမှာ ရရှိနေပြီဖြစ်ပါတယ်။

လူကြိုက်များတဲ့ အစားအစာတွေကတော့

Rabokki

Robokki ကတော့ Tteokbokki ဆိုတဲ့ ကိုရီးယား ဆန်မုန့်နဲ့ Ramen ခေါက်ဆွဲရောထားတာပါ။ အရမ်းလည်းအရသာရှိပါတယ်။ လုပ်နည်းကို Google မှာ အလွယ်တကူ ရှာဖတ်နိုင်ပါတယ်။

Japchae

Japchae ကတော့ ကိုရီးယား ပဲကြာဇံခေါက်ဆွဲဖြစ်ပါတယ်။ အရံဟင်းအဖြစ်လည်း စားသုံးကြပါတယ်။

Bibimbap

ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥ နဲ့ ငရုပ်သီးတွေ ရောပြီး နယ်စားတဲ့ ထမင်းသုတ်လိုမျိုး အစားအစာဖြစ်ပါတယ်။ ကိုရီးယားအစားအစာတွေထဲမှာ နာမည်ကျော် လူကြိုက်များလှပါတယ်။

Kimbap

ထမင်းလိပ်ပါနော်။ စာဖတ်သူတို့လည်း လုပ်တတ်မယ်လို့ထင်ပါတယ်။ စားလို့လည်းလွယ်ကူသလို အရမ်းလည်း အရသာရှိပါတယ်။

Shin Ramen

ဒီခေါက်ဆွဲထုတ်က Super Market တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်နော်။ ခေါက်ဆွဲကို ပြုတ်တဲ့အခါမှာ ကင်ချီ၊ ကြက်ဥ နဲ့ ကြက်သွန်မြိတ်ထည့်ပြီး စားရင်လည်း အရမ်းအရသာရှိပါတယ်။

Tteokbokki

တော့ပိုကီလို့ ခေါ်ကြတဲ့ တောင်ကိုရီးယား ဆန်မုန့်ကလည်း နာမည်ကျော်လူကြိုက်များတဲ့ ကိုရီးယား အစားအစာတစ်ခုပါ။

Korean Barbecue

ကိုရီးယားအကင်ဖြစ်တဲ့ ၃ ထပ်သားကင်တို့၊ အမဲသားကင်တို့ဆိုရင် သိပ်ကိုနာမည်ကြီးပါတယ်နော်။ K-BBQ လို့လည်း ခေါ်ကြပြီး ကိုရီးယား ဒရမ်မာကားတွေမှာလည်း မကြာခဏဆိုသလို စားပြလေ့ရှိပါတယ်။

Jajangmyeon

ကိုရီးယား ပဲခေါက်ဆွဲဟာဆိုရင်လည်း ကိုရီးယား အစားအစာတွေထဲမှာ မပါမဖြစ်ပါပဲနော်။ အရမ်းလည်းလူကြိုက်များသလို နာမည်လည်းကြီးပါတယ်။