အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ ချက်ထားတဲ့ ကင်းမွန်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်းမွန် ဝ.၅ ပေါင် (ရေဆေး သန့်စင်ထားပါ)
  • ပဲတောင့်ရှည် ၆ တောင့် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • ရွှေဖရုံသီး လေးစိပ် တစ်စိပ် (အခွံခွာပြီး အတုံးသေးသေး လှီးထားပါ)
  • ရုံးပတီသီး ၆ တောင့် ( ၃ လက်မခန့် လှီးဖြတ်ထားပါ)
  • ခရမ်းသီး ၁ တောင့် (ပါးပါးလှီးထားပါ)

  • ကြက်ဟင်းခါးသီး ၁ လုံး (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • အုန်းနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ပြီး ပါးပါးလှီးထားပါ)

  • ပုစွန်ငါးပိ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၂။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ထည့်ကာ ဆီသတ်ပါ။

၃။ ထို့နောက် ကင်းမွန်ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။ ပြီးရင်တော့ ကင်းမွန်များကို ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ရွှေဖရုံသီးထည့်ကာ ၃ မိနစ်ခန့် မွှေပါ။ ပြီးရင်တော့ အုန်းနို့လောင်းထည့်ကာ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ပြီးရင်တော့ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီးနှင့် ခရမ်းသီးတို့ထည့်ကာ ၈ မိနစ်ခန့် မွှေကြော်ပါ။

၆။ ထို့နောက် ကင်းမွန်၊ ပုစွန်ငါးပိနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၅ မိနစ်ခန့် ဆက်လက်မွှေပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကင်းမွန်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Panlasangpinoy.com