အနောက်တိုင်းဟင်းလျှာပြင်ဆင်ချက်ပြုတ်နည်းနဲ့အရှေ့တိုင်းဟင်းခတ်အမွှေးအကြိုင်တွေ ရောနှောချက်ပြုတ် ပြင်ဆင်ထားတဲ့ ဝက်မိုးခိုသားကို နာနတ်သီးနဲ့အချိုချက်ထားပြီး အရသာထူးပြီး လူငယ်တွေ အကြိုက်တွေ့စေမှာပါ…ဝက်သားကို နာနတ်သီးနဲ့ချက်ထားတာမို့အစာကြေဖို့လည်းလွယ်ကူမှာပါ. ထမင်းဖြူ နဲ့ပဲဖြစ်ဖြစ်..ပေါင်မုန့်အကြမ်း တစ်မျိုးမျိုးနဲ့ပဲဖြစ်ဖြစ်သုံးဆောင်မယ်ဆိုရင် သေချာပေါက် အားရကျေနပ်မှုရစေမှာ ပါ…ကဲ…စချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ဝက်မိုးခိုသား – ၂၅ ကျပ်သား
 - နာနတ်ရည် – ၂၀၀ မီလီလီတာ
 - ချင်း – အနည်းငယ်
 - ကြက်သွန်ဖြူ – ၃ တက်
 - အော်ရီဂါနိုအရွက် – အနည်းငယ်
 - ငရုတ်ကောင်မှုန့် – အနည်းငယ်
 - ပဲငံပြာရည်(အငန်)- ၁ ဇွန်း
 - ပဲငံပြာရည် (အချိ) – ၁ ဇွန်း
 - ပျားရည် – ၁ ဇွန်း
 - နာနတ်သီး – ၁ စိတ်
 - ဝိုင်ဖြူ – ၁၀၀ မီလီလီတာ
 - ဘေကွန်ဆီ – ၂ ဇွန်း
 
ပြုလုပ်နည်း
- ဝက်မိုးခိုသားကို အရွတ်ထုတ်ပြီး အတုံးထူထူလှီးပါ။ ဝက်မိုးခိုသားကို အရွတ်ထုတ်ပြီး နာနတ်ရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ အောရီဂါနိုးအရွတ်၊ ပဲငံပြာရည် (အငန်)၊ ပဲငံပြာရည်(အချို)၊ နှမ်းဆီမွှေး၊ နာနတ်သီး တို့ဖြင့် အရသာသွင်းပါ။
 - ဘေကွန်ဆီအနည်းငယ်ကို အပူပေးပြီး အရသာသွင်းထားသော ဝက်မိုးခိုသားကို ထည့်ကြော်ပါ။
 - အရသာသွင်းထားသော ဝက်မိုးခိုသားကို ဝိုင်ဖြူ၊ နာနတ်သီး၊ နာနတ်ရည် တို့နှင့်ရောချက်ပါ။
 - ဝက်မိုးခိုသားညိုလာပါက ဝိုင်ဖြူအနည်းငယ်နှင့် အရသာသွင်းထားသော နာနတ်သီး၊ နာနတ်ရည်တို့ထည့်ချက်ပါ။
 - ဝက်မိုးခိုသားနူးလာပါက အောရီဂအော်ရီဂါနိုးအရွက်နှင့် အလှဆင်တည်ခင်းနိုင်ပါတယ်။