အားလုံးပဲ မင်္ဂလာပါ။ ဝက်သား အာလူးဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပဲတောင့်ရှည်၊ မုန်ညှင်း စတဲ့ဟင်းသီးဟင်းရွက် စုံစုံလင်လင်နဲ့ ထည့်ချက်ထားတဲ့ ဟင်းရွက်စုံ အာလူး ဝက်သားဟင်းချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၂ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • အာလူး ၁ တုံး (အခွံခွာပြီး လေးထောင့်တုံး တုံးထားပါ)
  • ဝက်အူချောင်း ၂ ချောင်း (အနေတော် အတုံး တုံးထားပါ)
  • ဂေါ်ဖီထုပ် လေးစိပ် တစ်စိပ် (ပါးပါးလှီးထားပါ)
  • ပဲတောင့်ရှည် ၁၈ တောင့်

  • ခရမ်းချဉ်သီး ၁ လုံး (လေးထောင့်တုံး တုံးထားပါ)
  • မုန်ညှင်းရွက် ၁ စည်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ရေ ၃ ခွက် (စားပွဲတင်ဇွန်း ၄၈ ဇွန်း)

  • ငရုတ်ကောင်းမှုန့်နှင့် ဆား အနည်းငယ်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။

၂။ ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးများ ပျော့သွားပါက ဝက်သားတုံးများထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ မွှေလိုက်ပါ။

ထို့နောက် ဝက်အူချောင်းများ ထည့်ကာ တစ်မိနစ်ခန့် မွှေပါ။

၃။ ထို့နောက် ရေထည့်ပါ။ အိုးအဖုံးအုပ်ထားပြီးနောက် ၄၅ မိနစ်၊ တစ်နာရီခန့်အထိ ဝက်သားများ နူးအိသွားသည်အထိ တည်ထားလိုက်ပါ။ (ရေ လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။)

၄။ ဝက်သားတုံးများ နူးအိသွားပြီဆိုရင်တော့ အာလူးထည့်ကာ ၅ မိနစ်ခန့် တည်ပါ။

၅။ ထို့နောက် ပဲတောင့်ရှည်၊ ဂေါ်ဖီနှင့် မုန်ညှင်းတို့ထည့်ကာ ၃ မိနစ်ခန့် မွှေပါ။

၆။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ဝက်သားဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Panlasangpinoy.com