ပါဝင်ပစ္စည်းများ
ကျွဲကော်သီး (အမွှာလေးများကို ဖွဖွလေးနွှင်ထားပါ)
မြေပဲ (မညက်တညက် ထောင်းထားပါ)
ပုဇွန်ခြောက် – အနည်းငယ်
ကြက်သွန်နီ – ၁ ဥ (အဝိုင်းလိုက် မထူမပါး လှီးထားပါ)
ကြက်သွန်နီကြော် – အနည်းငယ်
ငံပြာရည် – ၁ ဇွန်း (ထမင်းစားဇွန်း)
သကြား နှင့် သံပုရာရည် – အနည်းငယ်
အစိမ်းရွက်စုံ – အနည်းငယ်
ဆား – အနည်းငယ်
ငရုပ်သီးခြောက်တောင့်ကြော် – ၅ တောင့်
ပြုလုပ်နည်း
ဇလုံတခုထဲတွင် နွှင်ထား ကျွဲကော်သီးကို သုတ်ရန်အတွက် ပြင်ဆင်ထားသော မြေပဲ၊ ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ငံပြာရည်၊ သကြားနှင့် သံပုရာရည်၊ အစိမ်းရွက်စုံ၊ ဆားတို့နှင့် နှံ့စပ်အောင် ဖွဖွလေးနယ်ပါ။
နှံ့စပ်စွာသုပ်ပြီးလျှင် အရသာအပေါ့အငံ မြည်း၍ မိမိနှစ်သက်သော အရသာရလျင် ကြက်သွန်နီကြော်နှင့် ငရုပ်သီးခြောက်တောင့်ကြော်တို့ကို အပေါ်မှ ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
ခရမ်းချဉ်သီးကို အသုပ်၏ အရောင်လှစေရန်သာ ထည့်ခြင်းဖြစ်ပါတယ်။
MyFood Myanmar