အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သား ဂေါ်ဖီရောကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁၀၀ ဂရမ်
  • ဂေါ်ဖီထုပ် တစ်ခြမ်း
  • ကြက်သွန်ဖြူ ၄ မြွှာ နှင့် ဂျင်း အတုံးသေး ၁ တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် ၅ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပြီးနောက် ဖြူသော အစိတ်အပိုင်းနှင့် စိမ်းသောအစိတ်အပိုင်းကို သပ်သပ်စီခွဲထားပါ)

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို အတုံးသေးသေးတုံးကာ ခပ်ပါးပါးလှီးထားပါ။ ဂေါ်ဖီကို အရွယ်အစား ခပ်ကြီးကြီးလှီးဖြတ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ဝက်သားကို ဒယ်အိုး၏ တစ်ဖက်ခြမ်းတွင် စုထားလိုက်ပါ။

၃။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် (ဖြူသော အစိတ်အပိုင်း)နှင့် ငရုတ်သီးတို့ထည့်ကာ အနံ့မွှေးလာသည်အထိ (စက္ကန့် ၃၀) ခန့် ကြော်ပေးလိုက်ပါ။

၄။ ဂေါ်ဖီထည့်ပြီးနောက် သမအောင် မွှေကြော်လိုက်ပါ။ ထို့နောက် ပဲငံပြာရည်အကြည်၊ သကြားနှင့်၊ ဆားတို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။

အရသာ အစပ်အဟပ်တည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သား ဂေါ်ဖီကြော်ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိစားသုံးလိုက်ပါ။

Source: Chinasichuanfood.com