အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြောင်းဖူးနဲ့ မုန်လာဥနီ အရသာတို့ စိမ့်ဝင်နေတဲ့ ဝက်နံရိုးစွပ်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၃၀၀ ဂရမ်
  • ကြက်သွန်မြိတ် ၁ ပင်
  • ဂျင်း အတုံးသေး ၁ တုံး
  • ပြောင်းဖူး ၁ ဖူး (သုံးပိုင်း၊ လေးပိုင်းခန့် ပိုင်းထားပါ)
  • မုန်လာဥနီ ၁ လုံး (အတုံးသေး တုံးထားပါ)

  • ရေ ၃ လီတာ၊ ၄ လီတာ
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးကို အတုံးသေး တုံးထားပြီးနောက် အိုးထဲထည့်ထားလိုက်ပါ။ ဝက်နံရိုးများ မြှုပ်သွားသည်အထိ ရေထည့်ပါ။ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။ ပွက်ပွက်ဆူလာပါက နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ဆက်တည်ထားပါ။ ထို့နောက် ဝက်နံရိုးမာျးကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပေးရပါမယ်။

၂။ ထို့နောက် အိုးတစ်လုံးထဲသို့ ဝက်နံရိုး၊ ပြောင်းဖူးနှင့် မုန်လာဥများထည့်ပါ။ ရေထည့်ပြီးနောက် ၁ နာရီခန့် တည်ထားပေးရပါမယ်။

၃။ တစ်နာရီပြည့်ပါက ဝက်သား နူး မနူး စမ်းကြည့်ပါ။ မနူးသေးပါက ရေ အနည်းငယ် ထပ်ထည့်ပြီး ထပ်ပြုတ်နိုင်ပါတယ်။

ဝက်သားနူးသွားပြီဆိုရင်တော့ ဆားအနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

စွပ်ပြုတ်ရဲ့ အရသာက ပြောင်းဖူး၊ မုန်လာဥနီတို့ကြောင့် သဘာဝအချိုဓာတ်လေး ရရှိနေမှာပဲဖြစ်ပါတယ်။ ဝက်သားကလည်း နူးအိနေတဲ့အတွက်ကြောင့် အာဟာရပြည့်ဝတဲ့ စွပ်ပြုတ်တစ်ခွက်ကို သောက်သုံးနိုင်ပါပြီ။

ကြက်သွန်မြိတ် (သို့) နံနံပင် ကြိုက်ပါက သောက်ခါနီးကျမှ စွပ်ပြုတ်ပန်းကန်ထဲ ထည့်သောက်နိုင်ပါတယ်။

Source : Chinasichuanfood.com