အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည်တစ်ခွက်ပါမှ စားမြိန်တာဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်သား ဂဏန်းသားလုံး ဟင်းချို ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း ၄ ကောင်
  • ဝက်သား တစ်ကီလိုဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • တရုတ်မှို ၇ ပွင့် (လေးထောင့်တုံး လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းပြီး ကြော်ထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၁ လုံး
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆား စားပွဲတင်ဇွန်းတစ်ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ရေ တစ်လီတာခန့်
  • ဝက်နံရိုးဆေးရန် ရေ ဝ.၅ လီတာ
  • ဝက်နံရိုး ၄၀၀ ဂရမ်
  • ဂေါ်ဖီထုပ် တစ်ထုပ် (အနေတော်လှီးဖြတ်ထားပါ)
  • အသား လုံးရန်အတွက် ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂဏန်းများကို ၁၅ မိနစ်ခန့် ပြုတ်လိုက်ပါ။ ထို့နောက် ဂဏန်းအသားများကို အခွံထဲမှာ ထုတ်ယူလိုက်ပါ။

၂။ လင်ဗန်းတစ်ခုတွင် အမဲသား၊ ဝက်သား၊ မှို၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ပဲငံပြာရည် အကြည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၃။ ဝက်နံရိုးများကို ရေဖြင့် ဆေးကြောလိုက်ပါ။ ထို့နောက် ရေ တစ်လီတာဖြင့် မိနစ်လေးဆယ်ခန့် ဆူပွက်လာအောင် ပြုတ်ပေးလိုက်ပါ။ ဝက်နံရိုးပြုတ်နေတဲ့အချိန်မှာ စောစောကနယ်ထားသော အသားများလုံး ဆီအနည်းငယ်ဖြင့် လုံးပေးလိုက်ပါ။

၄။ ဝက်နံရိုးပြုတ်ရည်က ပွက်ပွက်ဆူလာပါက ဝက်နံရိုးများကို ဖယ်ရှားလိုက်ပြီး အသားလုံးများ ထည့်လိုက်ပါ။ အသားလုံးများ ရေပေါ် ပေါလောပေါ်လာသည်အထိ တည်ပေးလိုက်ပါ။ ဟင်းရည်အိုး မီးဖိုပေါ်က ချခါနီးကျမှ ပန်းဂေါ်ဖီများ ပစ်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ တစ်အိမ်သားလုံး စားသုံးနိုင်တဲ့ ဝက်နံရိုး ဂဏန်းသားလုံး ဟင်းချိုလေး ရရှိသွားပါပြီ။ ထမင်းပူပူလေးနဲ့ ဟင်းရည်နွေးနွေးလေးကို အရသာရှိရှိ မြိန်ယှက်စွာ သုံးဆောင်လိုက်ပါ။

Source: Kitchenbowl.com