ထမင်းစားမြိန်ဖို့အတွက် ဘယ်လိုဟင်းလျာမျိုးကို အရသာရှိအောင် ပြင်ဆင်ချက်ပြုတ်ရမလဲ စဉ်းစားနေရတာ စိတ်ညစ်နေပြီလား။ စိတ်ညစ်မနေပါနဲ့တော့။ ငရုတ်ပွ ဝက်သားစဉ်းကောကြော်လေး ကြော်စားကြည့်လိုက်ပါ။ အရသာရှိလွန်းလို့ လိုက်ပွဲ ၂ ပွဲ၊ ၃ ပွဲလောက် ထပ်ဆွဲနေရမှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

• ဝက်သား ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
• ငရုတ်ပွ ၄ တောင့် (အနေတော်တုံး လှီးထားပါ)
• ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
• ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

အသားနယ်ရန် အချဉ်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

• ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်းတစ်ဝက်
• ရေ (သို့) ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း

Source: Thespruceeats.com

• ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါးပါးလှီးထားသော ဝက်သားများကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်နှင့် ရေတို့ဖြင့် သမအောင်နယ်ပေးလိုက်ပါ။ ဟင်းခပ်မှုန့်များ အသားထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၁၅ မိနစ်ပြည့်တဲ့အခါ ပြောင်းမှုန့်နဲ့ ထပ်နယ်ပေးလိုက်ပါ။ ထို့နောက် ကြော်ခါနီးကျမှ ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် ထပ်နယ်ပေးရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပါက ဝက်သားများကို ထည့်ကြော်ပေးလို့ရပါပြီ။ အသားများ ကျက်ခါနီးအချိန်မှာတော့ ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။ ဒယ်အိုးထဲရှိ ပိုလျှံနေသော ဆီများကို ဖယ်ရှားလိုက်ပါ။ အိုးထဲမှာ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းလောက်ရှိရင် လုံလောက်ပါပြီ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်လိုက်ပါ။ ငရုတ်ပွထည့်ပြီး စက္ကန့် ၂၀ ခန့် ကြော်လှော်ပေးလိုက်ပါ။ ဆား အနည်းငယ်ထည့်ပြီး ထပ်ကြော်ပေးရပါမယ်။

၄။ ထို့နောက် စောစောကကြော်ထားသော ဝက်သားကြော်များကို ဒယ်အိုးထဲသို့ ပြန်ထည့်ပြီး ငရုတ်ပွနှင့်အတူတူ သမအောင် ရောကြော်ပေးလိုက်ပါ။


အရသာအပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ငရုတ်ပွ ဝက်သားစဉ်းကောကြော်လေးကို ထမင်းနဲ့ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com