အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ ဝက်သားကင်ချီစတူး အရည်သောက်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ပန်းကန်လုံးတစ်လုံးစာ
  • ဝက်သား သုံးထပ်သား ၃၄၀ ဂရမ် (အနေတော် အတုံး လှီးဖြတ်ထားပါ)
  • ပဲပြား နှစ်တုံး (ခပ်ထူထူ လှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ငါးအသေးလေး ၈ ကောင်ခန့်နှင့် ရေညှိ ၃ ပြား၊ ၄ ပြားခန့်
  • ရေ ၁ လီတာခွဲ
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် သကြားအနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ငါးကလေး၊ ရေညှိနှင့် ရေတို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ငါးကလေးနှင့် ရေညှိတို့ကို ဆယ်ယူလိုက်ပါ။

၂။ ထို့နောက် ကင်ချီပန်းကန်ထဲက ကင်ချီအရည်အနည်းငယ်ကို ထိုအိုးထဲသို့ထည့်ကာ ငရုတ်သီးအနှစ်၊ ဆား၊ သကြားနှင့် နှမ်းဆီတို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၃။ အခြားဒယ်အိုးအကြီး တစ်လုံးထဲတွင် ကင်ချီ၊ ဝက်သားသုံးထပ်သားနှင့် ပဲပြားတို့ကို တစ်ကန့်စီခွဲထည့်ထားလိုက်ပါ။ ထိုအပေါ်တွင် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူနှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ်တို့ ထည့်ထားလိုက်ပါ။

၄။ စောစောက တည်ထားသော ကင်ချီအရည်တို့ကို ထိုဒယ်အိုးအကြီးထဲသို့ လောင်းထည့်ပြီးနောက် မီးဖိုပေါ် တင်ထားလိုက်ပါ။ အိုးအဖုံး ပိတ်လျက်သားဖြင့် မိနစ် ၃၀ ခန့် မီးအေးအေးဖြင့် တည်ထားလိုက်ပါ။

၅။ အချိန်ပြည့်သွားပါက အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား ကင်ချီစတူးလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ ပူပူနွေးနွေး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com