အားလုံးပဲ မင်္ဂလာပါ။ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မုန်လာဥနီ၊ ငရုတ်ပွတို့နဲ့ ရောကြော်ထားတဲ့ ဝက်သုံးထပ်သားကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ကြော်နည်းက လွယ်ကူပြီး ကြာချိန်ကလည်း မိနစ်အနည်းငယ်လောက်ပဲ ကုန်မှာဆိုတော့ အလုပ်များတဲ့အိမ်ရှင်မတွေအတွက် အဆင်ပြေမယ့် ဟင်းလျာတစ်ပွဲပါပဲ။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၂ လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ငရုတ်ပွ ၂ လုံး (ခပ်ကြီးကြီး လှီးထားပါ)
  • ဝက်သား သုံးထပ်သား ၆ ပြား (အတုံးခပ်ကြီးကြီး လှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက မုန်လာဥနီနှင့် ငရုတ်ပွတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဟင်းသီးဟင်းရွက်များ နူးအိသွားပါက ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၂။ ထို့နောက် ဝက်သားထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ဝက်သားများ ရွှေညိုရောင်ပြောင်းသွားပါက စောစောက ဟင်းရွက်ကြော်များကို အိုးထဲသို့ ပြန်ထည့်ကာ ပဲငံပြာရည်၊ ခရုဆီနှင့် ဆားတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ မုန်လာဥနီ ဝက်သားကြော်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com