အားလုံးပဲ မင်္ဂလာပါ။ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မုန်လာဥနီ ဝက်သားကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Abelandcole.co.uk

• ဝက်သား သုံးထပ်သား ၆ ပြားခန့်
• ငရုတ်ပွ အစိမ်း ၂ လုံး
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
• ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
• ခရုဆီ စားပွဲတင်ဇွန်း တစ်ဇွန်း

• မုန်လာဥနီ ၂ လုံး
• ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥနီကို အခွံခွာထားပြီး ခပ်ပါးပါးလှီးဖြတ်ထားပါ။ ငရုတ်ပွကို အတုံးခပ်ကြီးကြီးတုံးထားပါ။ ဝက်သားကိုလည်း အတုံး ခပ်ကြီးကြီးတုံးထားရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားလိုက်ပါ။ ဆီပူလာပါက မုန်လာဥနီ၊ ငရုတ်ပွတို့ထည့်ပြီး နှစ်မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။

၃။ ထိုအိုးထဲသို့ ဝက်သားများထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဝက်သားများ ရွှေညိုရောင်ပြောင်းသွားပါက စောစောက ကြော်ထားသော ဟင်းရွက်များကို အိုးထဲသို့ ပြန်ထည့်လိုက်ပါ။ ပဲငံပြာရည်၊ ခရုဆီနှင့် ဆားတို့ထည့်ပြီး ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ ပန်းကန်ထဲသို့ ပြောင်းထည့်ပြီးနောက် ထမင်းနဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com