(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားနဲ့ မျှစ် ရောချက်ထားတဲ့ မျှစ် ဝက်သုံးထပ်သားဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မျှစ် ၁၅၀ ဂရမ်
  • သကြား ၃၅ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • ဂျင်း ၁၅ ဂရမ်နှင့် ကြက်သွန်မြိတ် ၃၀ ဂရမ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဝက်သား သုံးထပ်သား ၈၀၀ ဂရမ်
  • လေးညှင်းပွင့် ၂ ပွင့်နှင့် သစ်ကြမ်းပိုးခေါက် ၁ ချောင်း
  • ငရုတ်သီးခြောက် ၁ တောင့်
  • ပဲငံပြာရည်အကြည် ၂၀ မီလီလီတာနှင့် ပဲငံပြာရည်အနောက် ၃၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မျှစ်များကို ဟင်းချက်ဖို့ မပြင်ဆင်ကတည်းက ၃ နာရီခန့် ကြိုစိမ်ထားပါ။ (ရေကိုတော့ အနည်းဆုံး ၂ ကြိမ် လဲပေးရပါမယ်)

၂။ ဝက်သားများကို အနေတော် တုံးထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ဝက်သားတုံးများကို ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးရပါမယ်။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ၁၅ မီလီလီတာခန့် ထည့်ပါ။ ဆီပူလာပါက သကြား ၃၅ ဂရမ်ထည့်ပြီး သကြားများ အခဲမှ အရည် ပြောင်းသွားသည်အထိ ကြိုချက်ပေးလိုက်ပါ။

၄။ သကြားများ အရည်ပျော်သွားပြီဆိုတာနဲ့ စောစောက ကြော်ထားသော ဝက်သားတုံးများကို အိုးထဲသို့ လောင်းထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ သကြားအရောင်က ဝက်သားတုံးများပေါ်သို့ အညီအမျှ ပျံ့နှံ့သွားပြီဆိုရင်တော့ ပါးပါးလှီးထားသော ဂျင်းနှင့်၊ ကြက်သွန်မြိတ်၊ လေးညှင်းပွင့်၊ သစ်ကြမ်းပိုးခေါက်နှင့် ငရုတ်သီးတောင့်တို့ကို အိုးထဲသို့ ထည့်ကာ မွှေပေးလိုက်ပါ။

၅။ ထို့နောက် ရေနွေးအနည်းငယ်ကို အသားများမြှုပ်သွားတယ်ဆိုရုံလောက်သာ ထည့်ပေးပါ။ (စွပ်ပြုတ်လုပ်မှာမဟုတ်တဲ့အတွက် ရေအများကြီး ထည့်စရာမလိုပါဘူး။ ဒါ့အပြင် ရေနွေးကို အသားပေါ်သို့ တိုက်ရိုက်လောင်းချခြင်းကိုလည်း ရှောင်ကြဉ်ပေးရပါမယ်။ နို့မဟုတ်ရင် ဝက်သားရဲ့အရောင် ပြောင်းလဲသွားနိုင်ပါတယ်။)

၆။ အိုးအဖုံးပိတ်ပြီး ဆူပွက်လာသည်အထိစောင့်ပါ။ ထိုအချိန်မှာ မျှစ်များကို အနေတော်လှီးဖြတ်ထားပါ။ ဝက်သားအိုး ဆူလာပြီဆိုရင်တော့ မျှစ်များထည့်ပြီးနောက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ မျှစ် ဝက်သားဟင်းပွဲ တစ်ပွဲ ရရှိသွားပါပြီ။

Source: Circlebranchpork.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ဝက္သားနဲ႔ မွ်စ္ ေရာခ်က္ထားတဲ့ မွ်စ္ ဝက္သံုးထပ္သားဟင္းလ်ာ ခ်က္ျပဳတ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • မွ်စ္ ၁၅၀ ဂရမ္
  • သၾကား ၃၅ ဂရမ္
  • ဟင္းသီးဟင္းရြက္ဆီ အနည္းငယ္
  • ဂ်င္း ၁၅ ဂရမ္ႏွင့္ ၾကက္သြန္ၿမိတ္ ၃၀ ဂရမ္
  • ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၁ ဇြန္း

  • ဝက္သား သံုးထပ္သား ၈၀၀ ဂရမ္
  • ေလးညွင္းပြင့္ ၂ ပြင့္ႏွင့္ သစ္ၾကမ္းပိုးေခါက္ ၁ ေခ်ာင္း
  • ငရုတ္သီးေျခာက္ ၁ ေတာင့္
  • ပဲငံျပာရည္အၾကည္ ၂၀ မီလီလီတာႏွင့္ ပဲငံျပာရည္အေနာက္ ၃၅ မီလီလီတာ

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ မွ်စ္မ်ားကို ဟင္းခ်က္ဖို႔ မျပင္ဆင္ကတည္းက ၃ နာရီခန္႔ ႀကိဳစိမ္ထားပါ။ (ေရကိုေတာ့ အနည္းဆံုး ၂ ႀကိမ္ လဲေပးရပါမယ္)

၂။ ဝက္သားမ်ားကို အေနေတာ္ တံုးထားပါ။ ဒယ္အိုးကို အပူေပးၿပီး ဆီအနည္းငယ္ထည့္ကာ ဝက္သားတံုးမ်ားကို ေရႊညိဳေရာင္ေျပာင္းသြားသည္အထိ ေၾကာ္ေပးရပါမယ္။

၃။ အျခားဒယ္အိုးတစ္လံုးကို အပူေပးၿပီး ဟင္းသီးဟင္းရြက္ဆီ ၁၅ မီလီလီတာခန္႔ ထည့္ပါ။ ဆီပူလာပါက သၾကား ၃၅ ဂရမ္ထည့္ၿပီး သၾကားမ်ား အခဲမွ အရည္ ေျပာင္းသြားသည္အထိ ႀကိဳခ်က္ေပးလိုက္ပါ။

၄။ သၾကားမ်ား အရည္ေပ်ာ္သြားၿပီဆိုတာနဲ႔ ေစာေစာက ေၾကာ္ထားေသာ ဝက္သားတံုးမ်ားကို အိုးထဲသို႔ ေလာင္းထည့္ၿပီး သမေအာင္ေမႊေပးလိုက္ပါ။ သၾကားအေရာင္က ဝက္သားတံုးမ်ားေပၚသို႔ အညီအမွ် ပ်ံ႕ႏွံ႔သြားၿပီဆိုရင္ေတာ့ ပါးပါးလွီးထားေသာ ဂ်င္းႏွင့္၊ ၾကက္သြန္ၿမိတ္၊ ေလးညွင္းပြင့္၊ သစ္ၾကမ္းပိုးေခါက္ႏွင့္ ငရုတ္သီးေတာင့္တို႔ကို အိုးထဲသို႔ ထည့္ကာ ေမႊေပးလိုက္ပါ။

၅။ ထို႔ေနာက္ ေရေႏြးအနည္းငယ္ကို အသားမ်ားျမွဳပ္သြားတယ္ဆိုရံုေလာက္သာ ထည့္ေပးပါ။ (စြပ္ျပဳတ္လုပ္မွာမဟုတ္တဲ့အတြက္ ေရအမ်ားႀကီး ထည့္စရာမလိုပါဘူး။ ဒါ့အျပင္ ေရေႏြးကို အသားေပၚသို႔ တိုက္ရိုက္ေလာင္းခ်ျခင္းကိုလည္း ေရွာင္ၾကဥ္ေပးရပါမယ္။ ႏို႔မဟုတ္ရင္ ဝက္သားရဲ႕အေရာင္ ေျပာင္းလဲသြားႏိုင္ပါတယ္။)

၆။ အိုးအဖံုးပိတ္ၿပီး ဆူပြက္လာသည္အထိေစာင့္ပါ။ ထိုအခ်ိန္မွာ မွ်စ္မ်ားကို အေနေတာ္လွီးျဖတ္ထားပါ။ ဝက္သားအိုး ဆူလာၿပီဆိုရင္ေတာ့ မွ်စ္မ်ားထည့္ၿပီးေနာက္ ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ကာ မိနစ္ ၃၀ ခန္႔ တည္ထားလိုက္ပါ။

ထိုအဆင့္မ်ားအားလံုးၿပီးသြားၿပီဆိုရင္ေတာ့ အရသာရွိတဲ့ မွ်စ္ ဝက္သားဟင္းပြဲ တစ္ပြဲ ရရွိသြားပါၿပီ။

Source: Circlebranchpork.com