ဝက်နားရွက်ကို စားလေ့စားထမရှိပေမယ့်လည်း ဝက်သားတုတ်ထိုးစားတဲ့အခါမှာတော့ မပါမဖြစ်ပါနော်။ ဒီလိုမျိုး စားလိုက်တိုင်း အရမ်းဝါးလို့ကောင်းတဲ့ ဝက်နားရွက်လေးကို အရသာအစပ်အဟပ်ကောင်းမွန်တဲ့ အသုပ်လေးအနေနဲ့သုပ်စားကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
- ဝက်နားရွက်
- ပဒဲကော လက်တဆစ်ခန့် (ကွဲရုံထုထားပါ)
- နာနတ်ပွင့် ၃ ပွင့်
- လေးညှင်းပွင့် ၄ ပွင့်
- တရုပ်မဆလာ အနည်းငယ်
- ငရုတ်ကောင်းစေ့ အဖြူ အနည်းငယ်
- ငရုတ်သီးအစိမ်း ၁၅ တောင့် (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၈ မွှာ (သေးသေး ၊ ပါးပါးလှီးထားပါ)
- ငံပြာရည် အနည်းငယ်
- သကြား အနည်းငယ်
- ဆား အနည်းငယ်
- ရှာလကာရည် (သင့်တော်သလောက်)
- တရုတ်နံနံ အနည်းငယ်
- သခွါးသီး ၁ လုံး (အတုံး သေးသေးတုံးထဲပါ)
- ဆလပ်ရွက် အနည်းငယ်
- နှမ်းဆီ ၃ စက်
- Maggi Seasoning Sauce
ပြုလုပ်နည်း
- အိုးထဲတွင် ဝက်နားရွက်ကို ပဒဲကော၊ နာနတ်ပွင့်၊ လေးညှင်းပွင့်၊ ငရုတ်ကောင်းစေ့ အဖြူ ၊ Maggi Seasoning Sauce၊ ဆားတို့နှင့် ရေကို ဝက်နားရွက် ဖုံးရုံ ထည့်၍ မီးအေးေးဖြင့် ပြုတ်ပါ ။
- အချဉ်ရည်အတွက် ငရုတ်သီးအစိမ်း၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ သကြား၊ ဆား နှင့် ရှလကာရည်တို့ကို ချဉ်ငံစပ် အရသာ ရအောင် ဖျော်ထားပါ ။
- ဝက်နားရွက် ကျက်သည့်အခါ မထူမပါး လှီး၍ သခွါးသီး၊ ဆလပ်ရွက်၊ တရုတ်နံနံ ၊ အချဉ်ရည်နှင့် နှမ်းဆီ ၃ စက် ထည့်၍ သုပ်ပါ။
- အရသာ အချဉ် အစပ် အပေါ့ အငံ မြည်း၍ သုံးဆောင်နိုင်ပါပြီ။
MyFood Myanmar