အားလုံးပဲ မင်္ဂလာပါ။ ပေါင်မုန့်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ချိစ်အရသာ ဝက်ပေါင်ခြောက်ညှပ် ပေါင်မုန့်လိပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံပြား ၁ ချပ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဖွန်း
  • Parmesan ချိစ် စားပွဲတင်ဇွန်း ၄ ဇွန်း (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • Mozzarella ချိစ် စားပွဲတင်ဇွန်း ၁၆ ဇွန်း (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ဝက်ပေါင်ခြောက် ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၁ လုံး
  • နံနံပင် အနည်းငယ် (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူနှင့် သံလွင်ဆီတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ (အခြားဟင်းခပ်မှုန့်များ ထပ်ထည့်ချင်ပါကလည်း ထပ်ထည့်နိုင်ပါတယ်)

၂။ ဂျုံပြားကို စတုရန်ပုံသဏ္ဍာန် ဖြန့်ထားကာ စောစောက သံလွင်ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၃။ ထို့နောက် Parmesan ချိစ်အားလုံးနှင့် Mozzarella ချိစ် တစ်ဝက်ကို မျက်နှာပြင်အနှံ့ ဖြန့်ကျက်ထားပါ။

၄။ တစ်ဖန် ပါးပါးလှီးထားသော ဝက်ပေါင်ခြောက်ဖြင့် ချိစ်များကို အုပ်ထားလိုက်ပါ။

၅။ ဝက်သားပေါ်သို့ ကျန်ရှိနေသော Mozzarella ချိစ် တစ်ဝက်ထည့်ကာ တင်းတင်းကြပ်ကြပ်လေး လိပ်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ ဂျုံလိပ်ကို ၉ ပိုင်းခန့် အညီအမျှ ပိုင်းဖြတ်လိုက်ပါ။ ထို့နောက် လင်ဗန်းပေါ်တွင် ဆီစုပ်စက္ကူ ခံထားလိုက်ပါ။ လှီးဖြတ်ထားသော ဂျုံအပိုင်းများကို လင်ဗန်းပေါ် တင်ထားပါ။

၇။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥကို ကြက်သီးနွေးရေနွေးဖြင့် မွှေခလောက်ထားလိုက်ပါ။ ထို့နောက် ဂျုံများပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

၈။ ထို့နောက် Oven ထဲထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အပူပေးထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် ဝက်ပေါင်ခြောက် ပေါင်မုန့်လိပ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com