အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်ဂုတ်သားကင် ပြင်ဆင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၈ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • လိမ္မော်ရည် ၁ လုံး (သို့) ၂ လုံး (အရည်ညှစ်ထားပါ)
  • သံပုယိုရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် သံပုယိုသီးစိပ် အနည်းငယ်

Source: Eatgreatmeat.co.uk

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား အနည်းငယ်
  • ဝက်ဂုတ်သား ၃.၅ ကီလိုဂရမ်
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့် (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ဇီရာမှုန့်၊ ငရုတ်ကောင်းမှုန့်၊ လိမ္မော်ရည်၊ သံပုယိုရည်နှင့် သံလွင်ဆီတို့ထည့်ပါ။ ဆားအနည်းငယ်ထည့်ကာ သမအောင် ရောမွှေထားပါ။

ရရှိလာတဲ့ ဆော့စ်အရောအနှောထဲမှ တစ်ဝက်ကို လေလုံသောဘူးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

၂။ ကျန်ရှိနေသော ဆော့စ်ပန်းကန်လုံးထဲကိုတော့ ဝက်သားတုံးထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီမှ အများဆုံး တစ်ညကြာသည်အထိ နှပ်ထားလိုက်ပါ။

၃။ ဝက်သားနှပ်ပြီးသွားသောအခါ ကင်ရန်အတွက် Oven ကို ၂၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၄။ လင်ဗန်းပေါ်တွင် ခဲဖတ် ခံထားပါ။ ထို့နောက် နျပ်ထားသော ဝက်သားနှင့် အရည်များထည့်ပါ။ ထို့နောက် ဝက်သားကို ခဲဖတ်ဖြင့် ခပ်ဖွဖွလေး ပိတ်လှောင်ကာ Oven ထဲတွင် ၃ နာရီခန့် ထည့်ကင်ထားလိုက်ပါ။

၅။ ထို့နောက် သတ်မှတ်ချိန်ပြည့်ပါက အဆင့် (၁) က ဘူးထဲ ထည့်သိမ်းထားသော ဆော့စ်တစ်ဝက်ကို ဝက်သားပေါ် လောင်းချလိုက်ပါ။ တစ်ဖန် Oven အပူချိန်ကို ၃၂၅ ဒီဂရီဖာရင်ဟိုက်အထိ မြှငန့်တင်လိုက်ပြီး ၁၅ မိနစ်ခန့် ထပ်ကင်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ဝက်သားကင်ကို အအေးခံကာ မိမိနှစ်သက်ရာအရွယ်အစားခန့် လှီးဖြတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ဂုတ်သားကင်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Seriouseats.com