တကယ်တော့ ဝက်ဆီဖတ်ဟာ အီတတ်တဲ့ သဘောသဘာဝရှိပါတယ်။ သာမန်အချဉ်နဲ့ သုပ်ပြန်တော့လည်း အရသာက သိပ်ပြီး မထူးခြားတာမို့ ခုလိုမျိုးလည်း စိမ်းစားငါးပိ ၊ သံပရာသီး ၊ ငရုတ်သီးစိမ်းနိုင်နိုင်တို့နဲ့ သုပ်စားကြည့်တဲ့အခါ ချဉ် ၊ ငန် ၊ စပ်အရသာလေးမို့ မအီဘဲ စားလို့ အရမ်းကောင်းလှပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်ဆီဖတ် – ၂၀ ကျပ်သား
- ငရုတ်သီးစိမ်းအတောင့် – ၂၀
- ကြက်သွန်နီ – ၃ ဥ
- ကြက်သွန်ဖြူ – ၂ မြွှာ
- သံပရာသီး – တစ်လုံး
- စိမ်းစားငါးပိ – အနည်းငယ်
- ဆား – အနည်းငယ်
- ဟင်းခတ်မှုန့် – အနည်းငယ်
- နံနံပင် – အနည်းငယ်
ပြင်ဆင်ပုံ
- ဝက်ဆီဖတ်တွေကို အတုံးသေးသေးလေးတွေ တုံးပြီး ဆီနည်းနည်းနဲ့ ဆီပူထိုးကြော်ပါ ။
- ကြက်သွန်နီတွေကို ပါးပါးလှီးထားပါ ။ ငရုတ်သီးစိမ်းတွေကို ရေဆေးသန့်စင်ပြီး ရေနည်းနည်းနဲ့ ပြုတ်ထားပါ ။ ငါးပိကို ကင်ထားပါ။
- ပြုတ်ပြီးတဲ့ ငရုတ်သီးစိမ်းတွေကို ကြက်သွန်ဖြူ ၊ ငါးပိကင်တို့နဲ့ ရောထောင်းပါ ။
- အားလုံးပြီးပြီဆိုရင် ဝက်ဆီဖတ် ၊ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းထောင်းတို့ကို ရောနယ်ပါ ။ နှစ်သက်ပါက ဆားနဲ့ ဟင်းခတ်မှုန့်ပါ ထည့်ပြီး ရောနယ်ပါ။
- နယ်လို့ပြီးတော့မှ သံပရာသီး ညှစ်ထည့် ၊ နံနံပင် ဖြူ းပြီး သုံးဆောင်နိုင်ပါပြီ ။ ငရုတ်သီးစိမ်းအတောင့် ၂၀ တောင် ထည့်ထားတာမို့ ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေတဲ့ အရန်ဟင်း တစ်မည်ပဲ ဖြစ်ပါတယ် ။
Credit: ဗေဒါရီ