မနက်စာအဖြစ် ထမင်းကြော် ကြော်စားရတာ ကြိုက်နှစ်သက်သူများအတွက် လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် လုပ်စားနိုင်မယ့် ဝက်သား ထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်နီ ၁ ဥ၏ လေးစိပ် တစ်စိပ် (နုပ်နုပ်စဉ်းထားပါ)
  • မုန်လာဥနီ အသေး ၁ လုံး (လေးထောင့် အတုံးငယ် တုံးထားပါ)
  • ငရုတ်ပွ ၁ လုံး (နုပ်နုပ်စဉ်းထားပါ)

  • ဝက်ပေါင်ခြောက် (သို့) ဝက်သား အနည်းငယ် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဖွန်း
  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥထည့်ကာ မွှေကြော်လိုက်ပါ။

ရရှိလာတဲ့ ကြက်ဥမွှေကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၂။ ဒယ်အိုးထဲသို့ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီးနောက် ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်ပွ၊ ဝက်ပေါင်ခြောက်တို့ထည့်ပြီး နူးအိလာသည်အထိ ကြော်ပေးလိုက်ပါ။

ထို့နောက် ဆားနှင့် ကြက်သားမှုန့်တို့ ဖြူးထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ထမင်းထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ စောစောက ကြက်ဥမွှေကြော်ထည့်ကာ သမအောင် ထပ်မွှေကြော်ပါ။

၄။ မီးအပူချိန်ကို လျော့ချလိုက်ပြီးနောက် ပဲငံပြာရည်ထည့်ကာ သမအောင် မွှေပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သား ထမင်းကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Thespruceeats.com