ဟင်းရည် ပူပူနွေးနွေးလေး တစ်ခွက်လောက်ပါမှ ထမင်းစားမြိန်တယ်ဆိုသူများအတွက် ဒီတစ်ခါ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းလေးကတော့ ဝက်နံရိုး မုန်လာဥဟင်းချိုလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဝက်နံရိုး ဝ.၅ ပေါင်
• မုန်လာဥဖြူ ၁ ပေါင် (အတုံးခပ်ကြီးကြီး တုံးထားပါ)
• ဂျင်း ၃ ပြား
• တရုတ်ရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် နည်းငယ်
• ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို အနေတော်အတုံး တုံးထားပါ။ အိုးထဲသို့ ရေအေးထည့်ပြီး ဝက်နံရိုးအတုံးများထည့်ကာ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ ဝက်နံရိုးများ နူးအိသွားပြီဆိုရင်တော့ ဝက်နံရိုးများကို အိုးထဲမှ ဆယ်ယူပြီး ရေနဲ့ တစ်ဖန်ဆေးကြာပေးလိုက်ပါ။

၂။ အခြားအိုးတစ်လုံးထဲတွင် ဝက်နံရိုး၊ မုန်လာဥဖြူ၊ ဂျင်းနှင့် ရေ ၁ လီတာခန့်တို့ထည့်ပြီး မီးအပူချိန်ပြင်းပြင်းဖြင့် အိုးအဖုံးဖွင့်လျက်သားဖြင့် ၃၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ ထို့နောက် တရုတ်ရှာလကာရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အပေါ့အငန်မြည်းကြည့်လိုက်ပါ။

နောက်ထပ် ၅ မိနစ်ခန့် ထပ်တည်ပြီးသွားတဲ့အခါမှာတော့ မီးဖိုကို ပိတ်လိုက်ပါ။

ထမင်းစားခါနီးကျမှ ဟင်းချိုပန်းကန်ထဲပြောင်းထည့်ပြီး ကြက်သွန်မြိတ်ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

ဝက်နံရိုး မုန်လာဥဖြူဟင်းချိုကို ထမင်းနဲ့ တွဲဖက်သောက်သုံးမယ်ဆိုရင်တော့ ထမင်းစားရတာလည်း အရင်ကထက် ပိုစားမြိန်မှာပါ။

Source: Spicetheplate.com