ပါဝင်ပစ္စည်းများ
- ဝက်ခေါက်
- ကြက်သွန်နီ
- ဂေါ်ဖီ
- သခွားသီး
- တို့ဟူး
- ရှောက်ရွက်
- နံနံပင်
- ငရုတ်သီးစိမ်း
- ခရမ်းချဉ်သီး
- သံပုရာရည်
- ငံပြာရည်
- ပဲမှုန့်
- ဆား
ပြုလုပ်နည်း
အရင်ဆုံး ဝက်ခေါက်ကို သန့်စင်ပြီး နူးနေအောင် ဆားအနည်းငယ် ထည့်၍ ပြုတ်ထားပါ ။
ပြီးလျှင် ကြက်သွန်နီ ၊ ဂေါ်ဖီ ၊ သခွားသီး ၊ တို့ဟူး ၊ ရှောက်ရွက် ၊ နံနံပင် ၊ ငရုတ်သီးစိမ်း ၊ ခရမ်းချဉ်သီး တို့ကို ပါးပါးလှီးကာထည့်ပါ ။
သံပရာရည် ၊ ငံပြာရည် နှင့် ပဲမှုန့် တို့ကို ထပ်ထည့်ကာ သုပ်လိုက်ပါက အရသာရှိသော အသုပ်လေး တစ်ပွဲရပါပြီ ။
Credit: Mi Shwe Kwett