အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ နေ့ခင်းနေ့လည် အပျင်းပြေပဲဖြစ်ဖြစ်၊ ထမင်းစားမကောင်းလို့ အပြောင်းအလဲအနေနဲ့ဖြစ်ဖြစ် စားချင်သူများအတွက် ဝက်ဆီဖတ်သုပ်နည်းလေး ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်ဆီဖတ်
- ဂေါ်ဖီ
- ကြက်သွန်နီ
- ငရုပ်သီးစိမ်း
- ငံပြာရည်
- ခရမ်းချဉ်သီးဆော့ တဇွန်း
- ငရုပ်သီးမူန့်
- နံနံပင်
- ဆီ
ပြုလုပ်နည်း
- ဝက်ဆီဖတ် ကတော့ ဈေးက ဝယ်တာပါ ။ ဝက်ဆီဖတ်များကို ဆီနဲ့ ပြန်ကြော်ပါ။
- ကြက်သွန်နီ ပါးပါးလှီး ထားပါ ။ ဂေါ်ဖီ ၊ ငရုပ်သီးစိမ်းတို့ကို လှီးထားပါ။
- အားလုံး အသင့်ဖြစ်ပြီ့ ဆိုရင် ပန်းကန်ထဲ အားလုံးထည့်ပြီး အချိုမှုန့် ၊ ငံပြာရည် ထည့်ပါ ။ ခရမ်းချဉ်သီးဆော့ တဇွန်း ၊ ငရုပ်သီးမူန့် ထည့်သုပ်ပါ ။ နောက်ဆုံးမှ နံနံပင် ထည့်ပါ။
Credit: War War Khin Hlaing