အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ ရောချက်ထားတဲ့ ဝက်သားစတူးဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင်ခွဲ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • အာလူး ၃ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)

  • ကန်စွန်းဥ ၁ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • မုန်လာဥနီ ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • မှို အနည်းငယ် (ပါးပါးလှီးထားပါ)
  • ပဲသီး (တစ်လက်မခွဲအရှည် လှီးဖြတ်ထားပါ)
  • ကြက်ပြုတ်ရည် ၁ လီတာ

  • ခရမ်းချဉ်သီးအနှစ် စည်သွပ်ဘူး ၁ ဘူး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို အနေတော်အတုံး တုံးထားပါ။ ဒယ်အိုးကို အပူပေးပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွနး ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ထို့နောက် ဝက်သားများ ထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ကြက်ပြုတ်ရည်ထည့်ပါ။ ခရမ်းချဉ်သီးအနှစ် ထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားပါ။ အိုးအဖုံးအုပ်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ၁ နာရီခန့် တည်ထားလိုက်ပါ။

၃။ ဝက်သားများ နူးအိသွားတဲ့အခါမှာတော့ အာလူး၊ ကန်စွန်းဥ၊ မုန်လာဥနီနှင့် မှိုတို့ထည့်ကာ အဖုံးပိတ်ပြီး မိနစ် ၃၀ ခန့် ထပ်တည်ထားလိုက်ပါ။

၄။ ဟင်းသီးဟင်းရွက်များ နူးအိသွားတဲ့အခါမှာတော့ ပဲသီးများထည့်ကာ နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ပါ။

ဟင်းရည် အပျစ်အကျဲက မိမိလိုချင်တဲ့အနေအထားခန့် ရသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သီးစုံဝက်သားစတူးဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Spendwithpennies.com