အားလုံးပဲ မင်္ဂလာပါ။ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပန်းပွင့်စိမ်း ငရုတ်ပွနှင့် ဝက်သားဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ
  • ဝက်သား ၄၀၀ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • မုန်လာဥနီ ၃ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အနီနှင့် အစိမ်း တစ်လုံးစီ (လက်မဝက်အရွယ်အစား လှီးဖြတ်ထားပါ)
  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော် လှီးဖြတ်ထားပါ)

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလှီးထားပါ)

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • အသားပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (ဓားပြားရိုက်ထားပြီး ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • နံနံပင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအးလုံးကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

ဝက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပါ။ ဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ကာ သမအောင် ထပ်နယ်ပြီးနောက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။ ပန်းဂေါ်ဖီစိမ်းများကို ပွက်ပွက်ဆူနေသော ဆားရေနွေးပူထဲတွင် ၂ မိနစ်ခန့် ပြုတ်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ယူထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ကာ ၃ မိနစ်ခန့် ကြော်ပါ။ ဝက်သားများ အညိုရောင် ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ တစ်ဖန် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ဆီပူလာပါက မုန်လာဥနီနှင့် ငရုတ်ပွတို့ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။

၅။ ထို့နောက် ဖျော်ထားသော ဆော့စ်များ လောင်းထည့်ကာ ၁ မိနစ်ခန့် တည်ပါ။ ထို့နောက် ဝက်သားနှင့် ပန်းပွင့်စိမ်းတိုပထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်းပွင့်စိမ်း ငရုတ်ပွ ဝက်သားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Myfavouritepastime.com