အားလုံးပဲ မင်္ဂလာပါ။ ဝက်သား ဖက်ထုပ်ပြုတ်ဖို့အတွက် ဖက်ထုပ်ဂျုံရွက်များ အိမ်မှ အဆင်သင့်မရှိဘူးဆိုရင်တော့ ဖက်ထုပ်ရွက်အစား အသုံးပြုနိုင်တာကတော့ ဂေါ်ဖီထုပ်ပဲဖြစ်ပါတယ်။

ဂေါ်ဖီထုပ်နဲ့ အရသာရှိတဲ့ ဝက်သားဖက်ထုပ်စွပ်ပြုတ်ရရှိအောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို အိမ်ရှင်မများအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြွက်နားရွက်မှိုခြောက်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဝက်သား ၇ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဂေါ်ဖီထုပ် ၁၂ ရွက်
  • ကြက်သွန်မြိတ် ၅ ပင်

အခြား ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ ၃ ခွက် (စားပွဲတင်ဇွန်း ၄၈ ဇွန်း)
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြွက်နားရွက်မှိုကို ရေနွေးပူထဲ မိနစ်အနည်းငယ်ကြာ စိမ်ထားပါ။ ထို့နောက် ခြောက်အောင် သုတ်ပြီးနောက် ပါးပါးလှီးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ထို့နောက် ပါးပါးလှီးထားသော ကြွက်နားရွက်မှိုများထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ငါးငံပြာရည်ထည့်ကာ စက္ကန့် အနည်းငယ်ကြာ မွှေကြော်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ထည့်ကာ အအေးခံထားလိုက်ပါ။

၄။ ထိုပန်းကန်လုံးထဲသို့ ဝက်သား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် နယ်ပါ။

၅။ ဒယ်အိုးထဲ ရေထည့်ပြီး အပူပေးပါ။ ထို့နောက် ဂေါ်ဖီရွက်များထည့်ကာ ၁ မိနစ်ခန့် ပြုတ်ပါ။ တစ်မိနစ်ခန့်ကြာပါက ဂေါ်ဖီရွက်များကို ရေထဲမှ ဆယ်ယူလိုက်ပါ။

ကြက်သွန်မြိတ်ကိုလည်း ထိုနည်းအတိုင်း ပြုတ်ပေးရပါမယ်။

၆။ စဉ်းနီတုံးပေါ်မှာ ဂေါ်ဖီရွက်များကို အစီအရီ တင်ထားလိုက်ပါ။ ဝက်သားအစာသွပ် ၁ ဇွန်း၊ ၂ ဇွန်းခွဲခပ်ကို ခပ်ယူပြီး ဂေါ်ဖီရွက်ထဲထည့်ကာ ကျစ်ကျစ်လေး လိပ်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်ဖြင့် အလယ်တည့်တည့်တွင် စည်းနှောင်လိုက်ပါ။

၇။ အိုးတစ်လုံးကို အပူပေးပြီး ရေ ၃ ခွက်ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီးနောက် ဖက်ထုပ်များထည့်ကာ ပွက်ပွက်ဆူလာအောင် ပြုတ်ထားလိုက်ပါ။

ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ ဝက်သား ဖက်ထုပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com