အားလုံးပဲ မင်္ဂလာပါ။ ညစာချက်ပြုတ်ဖို့အချိန်မရသူများအတွက် ဟင်းသီးဟင်းရွက်သပ်သပ်ကြော်စရာ၊ ဝက်သားကို သပ်သပ်ချက်ပြုတ်စရာမလိုဘဲ ဟင်းတစ်မယ်တည်းနဲ့ ဟင်းအစုံစားလို့ရမယ့် ဟင်းရွက်စုံ ဝက်မိုးခိုသားကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီထုပ် တစ်ခြမ်း
  • မုန်လာဥနီ အကြီး ၂ လုံး

Photo Source: www.vegetariantimes.com

  • ကန်စွန်းဥအနီရောင် အလယ်အလတ်ဆိုဒ် ၂ လုံး (သို့) ဆိုဒ်အသေး ဆိုပါက ၃ လုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Photo Source: www.dameatguy.com

  • ဝက်မိုးခိုသား ၁ ပေါင် ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဆုံး Oven ကို အပူချိန် ၄၀၀ ဒီဂရီနဲ့ အပူပေးထားပါ။

ဂေါ်ဖီထုပ်ကို ပါးပါးလှီး၊ မုန်လာဥနီကို အခွံဖယ်ပြီး အတုံးခပ်သေးသေးလေးတွေတုံးပါ။ ကြက်သွန်နီပါးပါးလှီးပြီးနောက် ကန်စွန်းဥကိုလည်း အတုံးခပ်သေးသေးလေးတွေတုံးပြီး စားစရာကင်မယ့် လင်ဗန်းထဲသို့ထည့်လိုက်ပါ။ ဟင်းရွက်များပေါ်သို့ သံလွင်ဆီဖြန်းပြီး ငရုတ်ကောင်းဖြူးပြီးနောက် Oven ထဲတွင် ၂၅ မိနစ်ခန့် ထည့်ထားပါ။

ဟင်းရွက်တွေ မီးဖိုထဲရှိနေချိန်မှာ ဝက်သားကို ရေစင်စင်ဆေးပြီး အခုလိုမျိုး အလျားလိုက် ခပ်ကြီးကြီးလှီးထားပါ။

၂၅ မိနစ်ပြည့်တဲ့အခါ ဟင်းသီးဟင်းရွက်လင်ဗန်းကို ထုတ်လိုက်ပြီး ဟင်းရွက်ပေါ်သို့ ဝက်မိုးခိုသားကို တင်လိုက်ပါ။

ထို့နောက် ထိုလင်ဗန်းကို မီးဖိုထဲပြန်ထည့်ထားပြီး မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ကင်လိုက်ပါ။ ပြီးတဲ့အခါ လင်ဗန်းပြန်ထုတ်ပြီး ဟင်းရွက်တွေကိုတော့ ပန်းကန်ပြားထဲမှာ သပ်သပ်ဖယ်ထားလိုက်ပါ။ ဝက်သားကောင်းကောင်းကျက်ဖို့အတွက် ဝက်သားကိုပဲ ပြန်ကင်လိုက်ပါ။

၅ မိနစ်၊ ၁၀ မိနစ်လောက်ကြာမှ မီးဖိုထဲက ပြန်ထုတ်လိုက်ပြီး အနေတော်အတုံးလှီးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ဟင်းရွက်ပန်းကန်ထဲမှာ ဝက်သားကင်ထည့်ပြီး လှလှပပအလှဆင်ကာ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Source: news.christianacare.org