၀က်အခေါက်ဆို လူတိုင်း ကြိုက်နှစ်သက်ကျပါတယ်။ သရေကျစရာ အရသာမျိုးလေးရှိကာ စားပြီး မအီပဲ ထမင်းဝိုင်းမှာ မျက်နှာရစေသော အသုပ်ဖြစ်တာကြောင့် သုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ
12764377_1141207709223871_716292144050972911_o

  • ဝက်အခေါက်  –  ၁ ထုပ် (၂၅၀ ဂရမ်၊ လှီးပြီးပြုတ်ပြီးသား)
  • ခရမ်းချဉ်သီးအစိမ်း   –  ၅ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
  • ခရမ်းချဉ်သီး  –  ၃ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
  • ဂေါ်ဖီ   –  ၁ စိတ် (ခြစ်နဲ့ ပါးပါးလေးတွေခြစ်ထားပါ၊ လိုသလောက်သုံးပါ)
  • ငရုတ်ကောင်းနက်   –  အနည်းငယ်
  • ကြက်သွန်နီ   –  ၂ ဥ (ခတ်ပါးပါး လေးတွေလှီးထားပါ)
  • ရှောက်ရွက်နု  –  ၅ ရွက် ( ပါးပါးရှည်ရှည်လေးတွေလှီးထားပါ)
  • သံပုရာသီး  –  ၃ လုံး (အရည်ညစ်ပြီးလိုသလောက်ထည့်ပါ)
  • ငရုတ်ဆီ  –  ၂ ဇွန်း ခွဲ (စားပွဲဇွန်း)
  • ပဲမှုန့်အကျက်  –  ၁ ဇွန်း (စားပွဲဇွန်း)
  • ငံပြာရည်   –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ဆား   –  အနည်းငယ်
  • အိမ်ချက်ဆီကျက်   –  ၁ ဇွန်း ခွဲ  (စားပွဲဇွန်း /ကြက်သွန်ဖြူ ဆီချက်)
  • ငရုတ်သီးစိမ်း၊နီ  –   ၆ တောင့် (အစေ့ထုပ်ပြီး ပါးပါး လေးတွေလှီးထားပါ)

ပြုလုပ်နည်း

  1. ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ခလောက်တံဖြင့် သကြားများ အရည်ပျော်တယ့် အထိ ခလောက်ပေးပါ။ ဆားမြည်းပါ။ လိုတာ ထပ်ထည့်ပေးပါ။ အသုပ်ထဲ လိုသလောက် ထည့်သုတ်လို့ ရပါပြီ။
  2. မှတ်ချက် – အချဉ်ရည်ကို ကိုယ့်စိတ်ကြိုက် ကိုယ့်ကြိုက်နှစ်သက်သော အရသာ အတိုင်း အချဉ်အစပ် ထပ်ထည့် ပြုလုပ်နိုင်ပါတယ်။