အားလုံးပဲ မင်္ဂလာပါ။ မြန်မာလူမျိုးတွေက ဝက်သားဟင်းဆိုရင် ဆီရွှဲရွှဲလေးနဲ့စားရမှ စားမြိန်တယ်လို့ ခံစားကြရပါတယ်။ တကယ်တော့ ဆီအစားများခြင်းက ကျန်းမာရေးအတွက် မသင့်တော်တာကြောင့် ဟင်းချက်တဲ့အခါတိုင်း ဆီလျော့ချက်တာက ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပါပဲ။

ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ဆီအများကြီးသုံးစရာမလိုတဲ့ ကျန်းမာရေးနဲ့ညီညွှတ်သော ဝက်သား မှိုဟင်းလျာ ချက်ပြုတ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ အားလုံးအကြိုက်တွေ့မယ်လို့လည်း မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: jsppl.in

  • ဝက်မိုးခိုသား တစ်ပေါင်ခွဲခန့် ( အဝိုင်းတုံးများ တုံးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် ပန်းကန်လုံးတစ်လုံးစာ
  • ကြက်သွန်ဖြူ ၃ မွှာ
  • မှို ၁၀ အောင်စခန့်

Photo Source: thecozyapron.com

  • ကြက်ပြုတ်ရည် ပန်းကန်လုံး ၄ ပုံ ၁ ပုံခန့်
  • ခရင်မ်အနည်းငယ်
  • ဂျုံမုန့် စားပွဲတင်ဇွန်း တစ်ဝက်ခန့်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နံနံပင် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • စမုံစပါး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဒယ်အိုးကို အပူပေးပြီးနောက် ထောပတ်ထည့်ကာ အရည်ပျော်သွားအောင်ပြုလုပ်လိုက်ပါ။ ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဝက်ခန့်ထည့်ပါ။ အဝိုင်းတုံးလှီးထားသော ဝက်သားများကို ဆား၊ ငရုတ်သီးတို့နယ်ပါ။ ထို့နောက် ဒယ်အိုးထဲထည့်ကြော်ပါ။ တစ်ဖက်ကို ၄ မိနစ်စီလောက်ကြော်ပေးပါ။ ထို့နောက် ပန်းကန်ပြားထဲ ထည့်ထားပါ။

ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်အတိုင်းထားပါ။ ကျန်ရှိနေတဲ့ သံလွင်ဆီများထည့်ပါ။ ကြက်သွန်မြိတ်၊ မှိုနဲ့ ကြက်သွန်ဖြူထည့်ပြီး ၈ မိနစ်ခန့် မွှေပေးလိုက်ပါ။

ဂျုံမှုန့်များ ဖြူးထည့်ပါ။ ကြက်ပြုတ်ရည်နဲ့ ခရင်မ်များထည့်ပါ။ စမုံစပါး၊ နံနံပင်၊ ဆားနဲ့ ငရုတ်ကောင်းတို့ထည့်ပြီး မွှေပေးလိုက်ပါ။ ထို့နောက် အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ကြော်ထားသော ဝက်သားပြားများကို ဒယ်အိုးထဲပြန်ထည့်ပြီး အနည်းငယ်မွှေပေးလိုက်ပါ။ ဒယ်အိုးအဖုံးအုပ်ထားပြီး ဝက်သားများ နူးအိလာဖို့ရန်အတွက် ၈ မိနစ်ခန့် စောင့်ပေးလိုက်ပါ။ ၈ မိနစ်ပြည့်သွားရင်တော့ ဝက်သားနဲ့ မှိုရောချက်ထားတဲ့ ဟင်းလျာတစ်ခွက်ကို ထမင်းလေးနဲ့ တွဲဖက်စားသောက်လို့ရပါပြီ။

Source: www.mydeliciousmeals.com