အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာကတော့ ကြက်ဥ အာလူးကတ်သလိပ်ကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၁ လုံး (ပြုတ်ထားပါ)
  • ကြက်ဥ ၃ လုံး (ပြုတ်ထားပါ)နှင့် ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ဆား၊ ငရုတ်ကောင်းမှုန့်၊ မဆလာနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်ကြော် (ကြက်သွန်နီ) ပန်းကန်လုံးအသေး တစ်ဝက်/ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်

  • ငရုတ်သီး အစိမ်းတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း (ပါးပါးလှီးထားပါ)
  • ထောင်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးပြုတ်၊ ကြက်ဥပြုတ်တို့ကို ခြစ်ပြားဖြင့် ခြစ်ချထားပါ။

ရရှိလာတဲ့ အာလူး၊ ကြက်ဥအရောအနှောကို ဆား၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ကြက်သွန်ကြော်၊ ငရုတ်သီး၊ နံနံပင်၊ ဂျင်းတို့ဖြင့် သမအောင် နယ်လိုက်ပါ။

၂။ ရရှိလာတဲ့ အစားအစာအရောအနှောကို အာလူးကတ်သလိတ် ၁၀ ခုခန့်ရအောင် လုံးပေးလိုက်ပါ။

၃။ ထိုအာလူးကတ်သလိတ်များကို မွှေခလောက်ထားတဲ့ ကြက်ဥထဲ ထည့်နှစ်ပြီးနောက် ပေါင်မုန့်အကြေအစများဖြင့် ကပ်ပေးလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ခန့် အအေးခံထားရပါမယ်။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးကတ်သလိတ်များထည့်ကာ ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥ အာလူးကတ်သလိတ်ကြော်များ ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Spicebangla.com