အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါပြုလုပ်မယ့် ပီဇာကတော့ ဂျုံမှုန့် လုံးဝအသုံးမပြုထားဘဲ အာလူး၊ ဝက်ပေါင်ခြောက်၊ ကြက်ဥနဲ့ နွားနို့တို့ကိုသာ အဓိကအသုံးပြုထားတဲ့ ပီဇာချပ် တစ်ချပ်ပဲဖြစ်ပါတယ်။ ပြုလုပ်နည်းအဆင့်ဆင့်ကလည်း လွယ်ကူတာကြောင့် မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်မယ့် အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ လုံး
  • ကြက်ဥ ၃ လုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • ဝက်ပေါင်ခြောက် ၂၀၀ ဂရမ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို ဒန်အိုးထဲထည့်ပြီးနောက် ရေအနည်းငယ်၊ ဆားအနည်းငယ်ထည့်ကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

ရရှိလာတဲ့အာလူးပြုတ်များကို ရေခဲရေထဲတွင် အအေးခံပြီးနောက် အဝိုင်းပုံသဏ္ဍာန် လှီးဖြတ်ပေးလိုက်ပါ။

၂။ ဝက်ပေါင်ခြောက်ကို လေးထောင့်အတုံးငယ် တုံးထားပါ။ ကြက်သွန်နီကို နုပ်နုပ်စဉ်းထားပါ။

ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက အာလူးထည့်ကာ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။ အာလူးများ ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ ဝက်ပေါင်ခြောက်နှင့် ကြက်သွန်နီတို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးတွင် ကြက်ဥ ၃ လုံးကို ဖောက်ထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်းတို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ကြက်ဥ နွားနို့အရောအနှောကို အာလူးဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် ဒယ်အိုးအဖုံး အုပ်ထားပြီးနောက် ၃ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ကြက်ဥ နွားနို့အရည်က ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ နံနံပင် ကြိုက်သူများအနေနဲ့ နံနံပင်အနည်းငယ် ဖြူးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source:  Tasteshow.com