အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ လူကြိုက်များရေပန်းစားတဲ့ အာလူး ကြက်ဥကြော်ဟင်းလျာလေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ဝ.၅ ပေါင်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အညန်းငယ်
  • ကြက်သွန်မြိတ်၂ ပင် (ပါးပါးလှီးထားပါ)
  • ချိစ် ၄ အောင်စ

  • ကြက်ဥ ၈ လုံး
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အာလူးများကို အခွံခွာပြီးနောက် အဝိုင်းလိုက် ပါးပါးလှီးထားပါ။

၃။ Oven ထဲ ထည့်ထားနိုင်တဲ့ ဒယ်အိုးကို အပူပေးပြီးနောက် သံလွင်ဆီ ထည့်ပါ။ ထို့နောက် အာလူးများကို ပုံပါအတိုင်း ထည့်ထားလိုက်ပါ။

၄။ အာလူးပေါ်သို့ ဆားနှင့် ငရုတ်ကောင်းမှုန့်များ ဖြူးထည့်လိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးအဖုံး အုပ်ထားပြီး ၈ မိနစ်ခန့် တည်ထားလိုက်ပါ။

၆။ အာလူးတည်ထားချိန်မှာ ကြက်ဥများကို ပန်းကန်လုံးအကြီးထဲသို့ ဖောက်ထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်၊ ချိစ်၊ ခရင်မ်နှင် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်ထည့်ကာ အမြှုပ်များ ထွက်လာသည်အထိ မွှေခလောက်လိုက်ပါ။

၇။ အာလူးများ ကျက်သွားတဲ့အခါမှာတော့ ကြက်ဥအရောအနှောများကို အာလူးပေါ်သို့ ဆမ်းထည့်လိုက်ပါ။

၈။ ထိုဒယ်အိုးကို ကြိုတင်အပူပေးထားသော Oven ထဲတွင် ၁၅ မိနစ်၊ ၁၈ မိနစ်ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။

၉။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ အာလူး ကြက်ဥကြော်လေး ရရှိသွားပါပြီ။

Source: Fifteenspatulas.com