အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားစဉ်းကောကြော်တွေ ထည့်လုံးထားတဲ့ အာလူးလုံးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင် (အခွံခွာပြီး အတုံးသေး တုံးထားပါ)
  • ဝက်သားစဉ်းကော ဝ.၅ ပေါင်
  • ကြက်ဥ ၃ လုံး
  • ပေါင်မုန့်အကြေအစများ ပန်းကန်လုံး ၂ လုံးစာ (၂၄၀ ဂရမ်)
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးအတုံးများကို အိုးထဲထည့်ပါ။ ရေနှင့် ဆားတို့ထည့်ပြီး ၁၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ အာလူးပြုတ်ကို လင်ဗန်းပေါ် တင်ပြီးနောက် ခက်ရင်းဖြင့် ချေပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဝက်သားကြော်ပေးလိုက်ပါ။

ဒယ်အိုးကို အပူပေးပါ။ ဆီထည့်ပြီးနောက် ဝက်သားစဉ်းကောများကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ဇလုံအကြီးတစ်လုံးတွင် အာလူးနှင့် ဝက်သားတို့ထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ကြက်ဥ ၁ လုံးဖောက်ထည့်ပြီး ထပ်နယ်ပေးရပါမယ်။

၅။ ရရှိလာတဲ့ အာလူး ဝက်သားအရောအနှောကို ဘောလုံးသေးသေးလေးဖြစ်သွားအောင် လုံးပေးလိုက်ပါ။ (အာလူးလုံး အရွယ်အစား တူချင်တယ်ဆိုရင်တော့ ရေခဲမုန့်ခပ်တဲ့ဇွန်းဖြင့် အာလူးများကို ခပ်ပြီး လုံးပေးနိုင်ပါတယ်။)

၆။ အာလူးလုံးများကို လင်ဗန်းပေါ်တွင် တင်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် အအေးခံထားလိုက်ပါ။

၇။ ကျန်ရှိနေသော ကြက်ဥ ၂ လုံးကို မွှေခလောက်ထားပါ။ အအေးခံပြီးသွားသော အာလူးများကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက်ပေါင်မုန့်အကြေအစများ ကပ်ပေးလိုက်ပါ။

၈။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးလုံးများကို ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃ မိနစ်ခန့်ကြော်ပြီးသွားတာနဲ့ ရွှေရောင်အဆင်းသဏ္ဍာန်ရှိပြီး ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းတဲ့ ဝက်သားစဉ်းကော အစာသွပ် အာလူးလုံးကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိစားသုံးနိုင်ပါတယ်။

Source : Fifteenspatulas.com