ကြက်ဥ မွှေကြော်ရဲ့ဆိမ့်သက်အရသာ၊ ကြွပ်ရွနေတဲ့ ဝက်ပေါင်ခြောက်ရဲ့လျှာလည်စေမယ့် အရသာတို့ ပေါင်းစပ်ထားပြီး ချက်ပြုတ်ပြင်ဆင်ရလွယ်ကူတဲ့ အာလူး ထမင်းကြော် ပြင်ဆင်ပြုလုပ်နည်းကို MyFood Myanmar ရဲ့အိမ်ရှင်မများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဝက်ဆားနယ်ခြောက် ၃ ပြား (ပါးပါးလှီးထားပါ)
  • အာလူး ၂ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)

  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ဝက်ပေါင်ခြောက် ပန်းကန်လုံး ၁ လုံးစာ (အာလူးနှင့် အရွယ်အစားတူ တုံးထားပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံးတစ်ဝက်စာ
  • ဆား အနည်းငယ်၊ ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ဝက်ဆားနယ်ခြောက် ထည့်ပြီး ကြွပ်ရွသွားသည်အထိ ကြော်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၂။ အာလူးများကို ဒယ်အိုးထဲထည့်ပြီးနောက် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပြီး သမအောင် မွှေကြော်ပါ။

အာလူးက ထိုအချိန်အထိ မကျက်သေးဘူးဆိုရင်တော့ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး အိုးအဖုံးအုပ်ကာ ၁ မိနစ်ခန့် တည်ပါ။

ရရှီလာတဲ့ အာလူးကြော်ကို ဝက်ဆားနယ်ခြောက်ပန်းကန်ထဲ ထည့်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ကြက်ဥထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ထမင်းထည့်ကာ သမအောင် မွှေကြော်ပါ။ ပဲလုံးစိမ်း၊ ဝက်ပေါင်ခြောက်နှင့် ကြက်သွန်မြိတ် ထည့်ပါ။ ဇီရာမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ပဲငံပြာရည် ၁ ဇွန်း ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် အာလူးနှင့် ဝက်ဆားနယ်ခြောက်တို့ကို ဒယ်အိုးထဲထည့်ကာ ထမင်းနဲ့အတူ ရောကြော်လိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com