အားလုံးပဲ မင်္ဂလာပါ။ အာလူးချစ်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့အာလူးပန်ကိတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်ဥ ၂ လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အာလူးများထည့်ကာ ၁၀ မိနစ်ခန့် ကြွပ်အောင် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၈ မိနစ်၊ ၁၀ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် ကြက်သွန်ကြော်များကို ဆယ်ယူလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ အာလူးများကို တစ်ချပ်ချင်းစီ ထည့်လိုက်ပါ။ အာလူးပေါ်တွင် ကြက်သွန်ကြော်များထည့်လိုက်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥများကို အိုးထဲသို့လောင်းထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ကြက်ဥက တင်းတင်းရင်းရင်းလေးဖြစ်သွားပါက အာလူးပန်ကိတ်ကို တစ်ဖက်သို့ လှန်ထည့်ပေးလိုက်ပါ။ ၂ မိနစ်ပြည့်သွားပါက အရသာရှိတဲ့ အာလူးပန်ကိတ်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com