အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အာလူးအစပ်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၃ လုံး (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • မဆလာ လက်ဖ်ကရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆား အနည်းငယ်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျဉ်းတော်သိမ်ရွက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီးနောက် အနေတော်အတုံး လှီးဖြတ်ထားပါ။ ထို့နောက် ရေထဲတွင် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဇီရာမှုန့်၊ ပျဉ်းတော်သိမ်ရွက်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ကြက်သွန်နီထည့်ပြီး တစ်မိနစ်ခန့် ဆီသတ်ပါ။

ပြီးရင်တော့ အာလူထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၃။ နနွင်းမှုန့်၊ ဆားနှင့် ရေတို့ထည့်ကာ အဖုံးအုပ်ထားပြီး မီးအေးအေးဖြင့် တည်ထားလိုက်ပါ။

၄။ အာလူးများ နူးအိသွားတဲ့အခါမှာတော့ ငရုတ်သီးမှုန့်နှင့် မဆလာတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အာလူးအစပ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

ဒီထက် စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ငရုတ်သီးမှုန့် ပိုထည့်ချက်နိုင်ပါတယ်။

Source: Mozismenu.com