အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အသည်းပုံ အာလူးထောင်းကြော် ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- အာလူးပြုတ် ၈ လုံး
- ကုလားပဲပြုတ် ခွက်၁/၄ ပုံ
- ငရုတ်သီးစိမ်း အနည်းငယ်
- ငရုတ်သီးမှုန့်အနည်းငယ်
- နနွင်းမှုန့်အနည်းငယ်
- နံနံပင်အနည်းငယ်
- မာဆလာအနည်းငယ်
- ဇီရာမှုန့်အနည်းငယ်
- ပေါင်မုန့် မွှ စားပွဲတင်ဇွန်း ၂ ဖါန်း
- ဆားအနည်းငယ်၊ ဆီ
ပြုလုပ်နည်း
အရင်ဆုံး အာလူးပြုတ်ကို ထောင်းလိုက်ပါ။ ပြီးရင် ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ ပဲပြုတ်၊ နနွင်းမှုန့်၊ နံနံပင်၊ မာဆလာတို့ကိုထည့်ပြီး နယ်ပေးလိုက်ပါ။ ဆားနဲ့ ပေါင်မုန့် အမှုန့်ကို ထည့်လိုက်ပြီးရောပေးလိုက်ပါ။
ပြီးရင်တော့ အသဲပုံလုပ်တဲ့ ပုံစံခွက်ထဲကိုထည့်လိုက်ပြီး တစ်ခုချင်းဆီ စုထားလိုက်ပါ။
အိုးကိုအပူပေးလိုက်ပြီး အာလူးကိုထည့်ကြော်ပေးလိုက်ပါ။
ပြီးရင်တော့ ခရမ်းချဉ်သီးဆော့စ်နဲ့ဖြစ်ဖြစ် မိမိအဆင်ပြေတဲ့ ဆော့စ်နဲ့ သုံးဆောင်နိုင်ပါတယ်နော်။
Source: www.tasty-indian-recipes.com
By: MyFood Myanmar