အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အသည်းပုံ အာလူးထောင်းကြော် ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • အာလူးပြုတ် ၈ လုံး
  • ကုလားပဲပြုတ် ခွက်၁/၄ ပုံ
  • ငရုတ်သီးစိမ်း အနည်းငယ်
  • ငရုတ်သီးမှုန့်အနည်းငယ်
  • နနွင်းမှုန့်အနည်းငယ်

  • နံနံပင်အနည်းငယ်
  • မာဆလာအနည်းငယ်
  • ဇီရာမှုန့်အနည်းငယ်
  • ပေါင်မုန့် မွှ စားပွဲတင်ဇွန်း ၂ ဖါန်း
  • ဆားအနည်းငယ်၊ ဆီ

ပြုလုပ်နည်း

အရင်ဆုံး အာလူးပြုတ်ကို ထောင်းလိုက်ပါ။ ပြီးရင် ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ ပဲပြုတ်၊ နနွင်းမှုန့်၊ နံနံပင်၊ မာဆလာတို့ကိုထည့်ပြီး နယ်ပေးလိုက်ပါ။ ဆားနဲ့ ပေါင်မုန့် အမှုန့်ကို ထည့်လိုက်ပြီးရောပေးလိုက်ပါ။

ပြီးရင်တော့ အသဲပုံလုပ်တဲ့ ပုံစံခွက်ထဲကိုထည့်လိုက်ပြီး တစ်ခုချင်းဆီ စုထားလိုက်ပါ။

အိုးကိုအပူပေးလိုက်ပြီး အာလူးကိုထည့်ကြော်ပေးလိုက်ပါ။

ပြီးရင်တော့ ခရမ်းချဉ်သီးဆော့စ်နဲ့ဖြစ်ဖြစ် မိမိအဆင်ပြေတဲ့ ဆော့စ်နဲ့ သုံးဆောင်နိုင်ပါတယ်နော်။

Source: www.tasty-indian-recipes.com

By: MyFood Myanmar