ထော့ပိုကီ လုပ်စားတဲ့အခါ အသုံးပြုရတဲ့ ဆန်မုန့်ချောင်းလေးများကို အလွယ်တကူဝယ်ယူလို့မရတဲ့အချိန်မျိုးမှာ ဆန်မုန့်အစား အာလူးများကို အစားထိုးအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်တော့ အာလူးထော့ပိုကီလေး လုပ်စားလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ လုံး
  • ကြက်သွန်နီ ၁ ဥ
  • ကြက်သွန်မြိတ် ၁ ပင်
  • ငါးအူချောင်း (မထည့်လည်းရပါတယ်)
  • ကြက်ဥ ၃ လုံး

  • ချိစ် လက်တစ်ဆုပ်စာခန့်

ထော့ပိုကီဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာ၊ ရေဆေးပြီးနောက် ခပ်ရှည်ရှည်အတုံးများ တုံးထားပါ။ လှီးထားပြီးသား အာလူးများကို ရေအေးထဲတွင် စိမ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ကြက်ဥ ၃ လုံးထည့်ကာ ၇ မိနစ်ခန့်ပြုတ်ပါ။ ကြက်ဥကို မကျက်တကျက်ပြုတ်တာဖြစ်တဲ့အတွက်ကြောင့် ၇ မိနစ်ပြည့်တာနဲ့ ရေခဲရေထဲတွင် ချက်ချင်းအအေးခံထားလိုက်ပါ။ ဒါမှ အခွံခွာရတာ လွယ်ကူမှာပါ။

၃။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထားပါ။ ငါးအူချောင်းကိုလည်း အနေတော်အရွယ်အစား လှီးဖြတ်ထားပါ။

၄။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်နှစ်ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်နီများ ထည့်ပါ။ အာလူးအတုံးများကို ရေစင်အောင် ဆယ်ယူပြီးနောက် ဒယ်အိုးထဲသို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေ ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်း) ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၅။ ဆူပွက်လာပြီဆိုရင်တော့ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ သကြား၊ ပျားရည်နှင့် ဆားတို့ထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၆။ (၅) မိနစ်ပြည့်တဲ့အခါ ငါးအူချောင်း၊ ကြက်ဥပြုတ်နှင့် ကြက်သွန်မြိတ်တို့ ထည့်ပါ။ ထို့နောက် နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်တည်ပါ။

၇။ အာလူးများ ကျက်၊ မကျက်ကို ခက်ရင်းဖြင့် ထိုးဆွကြည့်လိုက်ပါ။ အာလူးများ နူးအိသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးထော့ပိုကီလေး ရရှိသွားပါပြီ။

ချိစ်အရသာနဲ့ စားချင်တယ်ဆိုသူများအတွက်ကတော့ နောက်တစ်ဆင့်ပိုသွားပါလိမ့်မယ်။

ထိုအဆင့်ကတော့ စောစောကအာလူးထော့ပိုကီပေါ်သို့ ချိစ်များ အုပ်ကာ Oven ထဲတွင် ၁ မိနစ်ခန့်ထည့်ပြီး အပူပေးလိုက်ပါ။

ချိစ်များအရည်ပျော်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ချိစ် အာလူးထော့ပိုကီလေး ရရှိသွားပါပြီ။

Source: Futuredish.com