မန်ကျည်းသီး နုနုလေးတွေ ပေါ်ပြီမို့ ကြော်စား ဖြစ်တာလေးပါ။ ထမင်းမြိန်လှတဲ့ ရာသီစာဟင်းလေးကို ပဲဟင်းချို ပူပူလေးနှင့် လိုက်ဖက်လှပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မန်ကျည်းသီးစိမ်း – ၇ ကျပ်သား (ဆား အနည်းငယ် ဖြူးပြီး ထောင်းထားပါ)
- ပုဇွန်ကျား အရွယ်တော် – ၁၅ ကောင် (ခေါင်းဖြုတ် အခွံသင် ကျောခွဲထားပါ)
- ငံပြာရည် – ၁ ဇွန်း (ဟင်းစားဇွန်း)
- ကြက်သွန်နီ – ၁ လုံး (သေးသေးစဉ်းထားပါ)
- ကြက်သွန်ဖြူ – ၁ လုံး
- ခရမ်းချဉ်သီး – ၁ လုံး
- ဆီ – ၅ ကျပ်သား
- ရေနွေး
ပြုလုပ်နည်း
ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး တို့ကို နွမ်းလာအောင် ဆီသတ်ပါ။
ပြီးလျှင် ပုဇွန်လေးများထည့် ၊ ထောင်းထားသော မန်ကျည်းသီးထည့် ၊ ငံပြာရည်ထည့် ၊ ရေနွေး အနည်းငယ် ထည့်ကာ ဆီပြန်လာအောင် တည်ထားပါ။
ချခါနီး အပေါ့ငံပြင် ငရုတ်သီးစိမ်း စိတ်ကြိုက် ထည့်ပြီး စားလို့ ရပါပြီရှင်။
မန်ကျည်းသီးလေးများက နုသေးတော့ အရမ်း မချဉ်သေးလို့ ငပိမထည့်ပဲ ကြော်ထားတာပါ။
Credit: Soe’s Cooking Collection