အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော်ကို တခြားဘာအစားအစာမှမပါဘဲ အလွတ်မွှေကြော် ကြော်စားရတာ ရိုးအီနေကြပြီနဲ့တူတယ်နော်။

မုန်လာဥ အသားစဉ်းကောကြော်လေး ထည့်ပြီး Omelette စတိုင်လ် ကြော်စားကြည့်ရင်ရော ဘယ်လိုအရသာထွက်မလဲဆိုတာကို မမြည်းစမ်းကြည့်ချင်ကြဘူးလား။ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဘယ်လိုကြော်စားလို့ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥဖြူ ၁၂၀ ဂရမ် (ဆားရေဖြင့် စိမ်ထားပြီးနောက် နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၃ လုံး
  • ကြက်သား (သို့) ဝက်သား (သို့) အမဲသား ၁၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ပြုတ်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၃ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် အသားနှင့် ကြက်သွန်ဖြူတို့ကို နုပ်နုပ်စဉ်းထားပါ။ ဆားရေစိမ်ထားသော မုန်လာဥကိုလည်း အတုံးငယ်များ တုံးပြီးနောက် နုပ်နုပ်စဉ်းထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူထည့်ပြီးနောက် ဆီသတ်ပါ။ ထို့နောက် မုန်လာဥနှင့် အသားတို့ထည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ မီးအေးအေးဖြင့် ကြော်ပေးရပါမယ်။

၃။ ရရှိလာတဲ့ မုန်လာဥ အသားအကြော်ကို ကြက်ဥပန်းကန်လုံးထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဥကို ဒယ်အိုးထဲ ထည့်ကြော်ပေးလိုက်ပါ။ ကြက်ဥက ရွှေညိုရောင် ပြောင်းလာတဲ့အခါမှာ အခြားတစ်ဖက်သို့ လှန်ပြီး ဆက်ကြော်ပေးလိုက်ပါ။

တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ မုန်လာဥ အသားစဉ်းကောကြော် Omelette လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Huangkitchen.com