အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မုန်လာဥနီနဲ့ ပဲပြားကို အရသာစပ်စပ်လေးနဲ့ စားလို့ကောင်းအောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၂ တုံး
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • မုန်လာဥနီ ၁ လုံး (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးတောင့် ၁ တောင့် (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်း ၂ ပြားနှင့် ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ကြက်သွန်မြိတ် တစ်ပင် (ဖြူသော အစိတ်အပိုင်းကိုသာ ပါးပါးလှီးထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်းတစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ညှက်နေသော ထောင်းထားသော ငရုတ်သီးထောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို ရေဆေးပြီးနောက် ထောင့်မှန်စတုံဂံ (သို့) စတုရန်းပုံသဏ္ဍာန် လှီးဖြတ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပဲပြားတုံးများကို ရွှေညိုရောင်ပြောင်းသွားသည်အထိ ထည့်ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထပ်ထည့်ပါ။ ငရုတ်သီးထောင်းထည့်ပြီးနောက် ဆီက အနီရောင်ပြောင်းသွားသည်အထိ မီးအေးအေးဖြင့် ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၄။ ပြီးရင်တော့ မုန်လာဥနီနှင့် ငရုတ်သီးတို့ထည့်ပြီး ၂ မိနစ်ကြော်ပေးပါ။ သကြား၊ ပဲငံပြာရည်အကြည်နျင့် ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အနှောက်တို့ထည့်ပြီး သမအောင်မွှေပါ။ ပဲပြားကြော်ထည့်ပြီး သမအောင် ထပ်မွှေကြော်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ပဲပြားအစပ်ချက်ဟင်းလေးလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

Source: Chinasichuanfood.com