အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ လွယ်ကူရိုးရှင်းစွာနဲ့ ပြုလုပ်နိုင်မယ့် ရွှေဖရုံသီး ခရင်မ်ချိစ် ပေါင်မုန့်ဝိုင်းပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းတွေကိုလည်း အလွယ်တကူပဲ ရှာဝယ်လို့ရတဲ့အပြင် ပြင်ဆင်ပြုလုပ်ချိန် အချိန်အကြာကြီးပေးစရာမလိုတဲ့အတွက်ကြောင့် Foodies လေးတွေ အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမုန့် ပန်းကန်လုံး ၁ ခွက်ခွဲခန့်
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား ပန်းကန်လုံး တစ်ဝက်ခန့်
  • သစ်ကြီးပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဇာတိပ္ဖိုလ်အမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ရွှေဖရုံသီးအနှစ်များ ပန်းကန်လုံး ၁ လုံးစာ
  • ကြက်ဥ ၂ လုံး
  • ဟင်းသီးဟင်းရွက်ဆီ ပန်းကန်လုံးတစ်ဝက်ခန့်
  • ခရင်မ်ချိစ် ၈ အောင်စခန့်

Photo Source: thepioneerwoman.com

  • သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြားမှုန့် ပန်းကန်လုံး ၃ ပုံ ၁ ပုံခန့်

ထောပတ် ဖြစ်လာပုံ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဂျုံမုန့် ပန်းကန်လုံး တစ်ဝက်ခန့်
  • သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြားအညို ပန်းကန်လုံး ၃ ပုံ ၁ ပုံခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ပေါင်မုန့်ပြုလုပ်ပြီးပါက အပေါ်မှဖြူးပေးရမယ့် အမှုန့်လေးတွေကို အရင်ဆုံးပြင်ဆင်ပေးလိုက်ပါ။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ပါဝင်ပစ္စည်း နောက်ဆုံး ၃ မျိုးဖြစ်တဲ့ ဂျုံမုန့် ပန်းကန်လုံးတစ်ဝက်၊ သစ်ကြမ်းပိုးခေါက်မုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သကြားအညို ပန်းကန်လုံး ၃ ပုံ ၁ ပုံတို့ကို ရောသမမွှေပေးလိုက်ပါ။ ထောပတ်ထပ်ထည့်ပြီးနောက် ထပ်မွှေပေးရပါမယ်။

ပေါင်မုန့်ပြုလုပ်ရန်အတွက် အခြားပန်းကန်လုံးအသစ်တစ်လုံးထဲမှာ ခရင်မ်ချိစ်၊ သကြားမှုန့်နဲ့ သစ်ခွရည်တို့ထည့်ပြီး မွှေပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ ထည့်ပြီး အအေးခံထားပါ။

ဂျုံမုန့်၊ မုန့်ဖုတ်ဆိုဒါ၊ သကြား၊ သစ်ကြမ်းပိုးခေါက်မှုန့်၊ ဇာတိပ္ဖိုလ်အမှုန့်နဲ့ ဆား (ပါဝင်ပစ္စည်း ပထမ ၆ မျိုး)တို့ကို အခြားပန်းကန်လုံးတစ်လုံးထဲမှာထည့်ပြီး မွှေပေးလိုက်ပါ။ မွှေပြီးတဲ့အခါ အမှုန့်အရောအနှောတွေကို ဘေးဘက်တွန်းပို့ထားပြီး အလယ်မှာ ရေတွင်းအဝိုင်းပုံစံ ပုံဖော်ထားပါ။ ထိုအလယ်တည့်တည့်မှာ ရွှေဖရုံသီးအနှစ်၊ ကြက်ဥနဲ့ ဆီတို့ထည့်ပြီး အတုံးအခဲတွေမရှိတော့ဘဲ ချောမွေ့လာသည်အထိ မွှေပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ပေါင်မုန့်ဖုတ်မယ့် လင်ဗန်းအဝိုင်းအကွက်လေးကို ဆီသုတ်ထားရင်ပဲဖြစ်ဖြစ်၊ ဆီမသုတ်ဘူးဆိုရင်လည်း ပေါင်မုန့်စက္ကူလေးခံထားပေးပါ။ ပြီးမှ စောစောက ရောနယ်ထားတဲ့ ရွှေဖရုံသီးအနှစ်တွေကို အဝိုင်းထဲသို့ ထည့်ပေးပါ။ အဝိုင်းအပြည့်မထည့်ဘဲ ၃ ပုံ ၁ ပုံခန့်ပဲထည့်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ခရင်မ် ချိစ်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာစီထည့်ပေးပါ။

နောက်တစ်ဆင့်အနေနဲ့ ကျန်ရှိနေသေးတဲ့ ရွှေဖရုံသီးအနှစ်များကို ကုန်စင်သွားအောင် အညီအမျှဖြည့်ပေးလိုက်ပါ။

ထို့နောက် ပထမစစချင်းတုန်းက ပြင်ဆင်ထားတဲ့ ဂျုံမုန့်၊ သစ်ကြမ်းပိုးခေါက်အမှုန့်တွေကို ဖြူးထည့်ပေးလိုက်ပါ။ ပြီးရင် Oven ထဲမှာ ၂၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားရင်ဆိုရင်တော့ အခုလိုပဲ စားချင်စဖွယ်အနံ့ အရသာလေးနဲ့ပြီးပြည့်စုံတဲ့ ရွှေဖရုံသီး ခရင်မ် ချိစ် ပေါင်မုန့်ဝိုင်းလေးကို ရရှိသွားပြီပေါ့။

Source: www.mydeliciousmeals.com