အလုပ်တွေ ပင်ပန်းပြီး အားအင်ကုန်ခမ်း မောပန်းနေပါသလား။ ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးမယ့် ရွှေဖရုံသီး ဝက်နံရိုးစွပ်ပြုတ်လေး လုပ်သောက်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

Source: Loopjamaica.com

• ရွှေဖရုံသီး ၆၀၀ ဂရမ်
• မုန်လာဥနီ တစ်လုံး (အခွံခွာပြီး အတုံးခပ်သေးသေး တုံးထားပါ)
• ပြောင်းဖူး တစ်လုံး (အနေတော် ပိုင်းထားပါ)
• စွန်ပလွံသီးအခြောက် ၄ လုံှး
• ရေ ၁၅၀၀ မီလီလီတာ

• ဝက်နံရိုး ၃၅၀ ဂရမ်
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ရေအပြည့်ထည့်ကာ ရေနွေး ပွက်ပွက်ဆူလာပါက ဝက်နံရိုးများကို တစ်မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၂။ ထို့နောက် စွပ်ပြုတ်တည်မယ့် အိုးထဲသို့ ရေ ၁၅၀၀ မီလီလီတာ ထည့်ကာ ဆူပွက်လာအောင် တည်လိုက်ပါ။ ဆူပွက်လာပါက ဝက်နံရိုး၊ ပြောင်းဖူး၊ စွန်ပလွံသီးနှင့် မုန်လာဥနီတို့ထည့်ပြီး တစ်နာရီခန့် တည်လိုက်ပါ။

၃။ အိုးထဲသို့ ရွှေဖရုံသီး ထည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ထို့နောက် မိနစ် ၂၀ ခန့် ဆက်တည်ထားလိုက်ပါ။

မိနစ် ၂၀ ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ရွှေဖရုံသီး ဝက်နံရိုးစွပ်ပြုတ်ဟင်းရည်လေးကို ထမင်းနဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Souperdiaries.com