အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥပူတင်း ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ရွှေဖရုံသီး ကြက်ဥပူတင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး ၂၀၀ ဂရမ်
  • နွားနို့ ၂၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၁၃ ဇွန်း)
  • Heavy ခရင်မ် ၅၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃ ဇွန်း + လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
  • သကြား ၄၀ ဂရမ်
  • ကြက်ဥ ၂ လုံး

  • ရမ် စားပွဲတင်ဇွန်း တစ်ဝက်
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပူတင်းပြုလုပ်သည့်ခွက် ၆ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရွှေဖရုံသီးကို အခွံခွာပြီးနောက် အနေတော် အတုံးငယ်များ လှီးဖြတ်ထားပါ။ ထို့နောက် အိုးထဲထည့်ကာ ရွှေဖရုံသီးများ မြှုပ်သွားသည်အထိ ရေထည့်ပါ။ ပြီးရင်တော့ ရွှေဖရုံသီးများ နူးအိသွားသည်အထိ ပြုတ်ပေးရပါမယ်။

၂။ နူးအိသွားသော ရွှေဖရုံသီးများကို ဆယ်ယူပြီးနောက် သစ်သီးဖျော်စက်ထဲထည့်ပါ။ ထို့နောက် သကြား အားလုံးနှင့် နွားနို့တစ်ဝက်ခန့် ထည့်ကာ အဖုံးပိတ်ပြီးနောက် သကြားများ ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ ထို့နောက် ကျန်ရှိနေသော နွားနို့တစ်ဝက်၊ ခရင်မ်၊ ကြက်ဥ ၂ လုံး၊ ရမ်နှင့် ဗနီလာတို့ကို ဖျော်စက်ထဲထည့်ကာ အမြှုပ်များထွက်လာသည်အထိ မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ရွှေဖရုံသီးအနှစ်များကို ဆန်ခါခံပြီး ပန်းကန်လုံးထဲ ထည့်လိုက်ပါ။

၅။ ထို့နောက် ပန်းကန်လုံးထဲမှတဆင့် ပူတင်းခွက်ထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။ ထိုခွက်များကို ခဲဖတ်များဖြင့် ပိတ်လှောင်ထားလိုက်ပါ။

၆။ ထိုပူတင်းခွက်များကို အိုးအကြီးထဲ ထည့်ထားပါ။ ထိုအိုးထဲသို့ ရေ ၃ ပုံ ၁ ပုံခန့် (ပူတင်းခွက် တစ်ဝက် မရောက်တရောက်အထိ) ထည့်ပါ။

၇။ ထို့နောက် အိုးအဖုံးပိတ်ပြီးနောက် ရေ ပွက်ပွက်ဆူလာသည်အထိ တည်ပေးပါ။ ရေနွေး ဆူလာပါက မီးကို အပူရှိန် အနိမ့်ဆုံးအထိ လျော့ချပြီးနောက် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားပါက ပူတင်းရဲ့ မျက်နှာပြင်က တင်းတင်းရင်းရင်းဖြစ်ရဲ့လား စမ်းကြည့်လိုက်ပါ။ တင်းတင်းရင်းရင်းလေးဖြစ်သွားပြီဆိုရင်တော့ မီးပိတ်ကာ ထိုအိုးထဲတွင် ၁၀ မိနစ်ခန့် ထပ်ထည့်ထားလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ရွှေဖရုံသီး ကြက်ဥပူတင်းလေး ရရှိသွားပါပြီ။

Source: Cookingwithdog.com